Myanmar National Portal ၏ Mobile Application ရယူသုံးစွဲနိုင်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက လွှင့်တင်ထားတဲ့ Myanmar National Portal ကို အင်တာနက်လိပ်စာ www.myanmar.gov.mm ကနေ ကြည့်ရှုရုံသာမက Mobile Application အနေနဲ့ iOS နဲ့ Android OS သုံး စမတ်ဖုန်းများ၊ Tablet များမှာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

အရင်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံရဲ့ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ပြီး အစိုးရအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ၊ တင်ဒါများ၊ သတင်းအချက်အလက်များကို ပြည်သူလူထုမှ တစ်နေရာတည်းတွင် လွယ်ကူစွာ ရယူအသုံးပြုနိုင်ရန်အတွက် Myanmar National Portal အား လွှင့်တင်ထားပြီးဖြစ်ရာ ယခုအခါမှာ မြန်မာနိုင်ငံတွင် Mobile ဖုန်းသုံးစွဲသူများ ပိုမိုများပြားလာသည့် အတွက် Myanmar National Portal အား Mobile ဖုန်းများမှ လွယ်ကူလျင်မြန်စွာ အသုံးပြုသွားနိုင်ရန် ရည်ရွယ်၍ “Myanmar National Portal” အမည်ရှိ Mobile Application ကို Android နှင့် iOS Version နှစ်မျိုးဖြင့် ထုတ်လုပ်ဖြန့်ချိပေးလိုက်ပြီလို့ သိရပါတယ်။

Mobile Application ကို အသုံးပြုပြီး Myanmar National Portal မှ အစိုးရအဖွဲ့အစည်းများရဲ့ သတင်းအချက်အလက်များအား ရှာဖွေရယူကြည့်ရှုနိုင်မည့်အပြင် ငွေကြေး လဲလှယ်မှုနှုန်းထားများ၊ နေ့စဉ် မိုးလေဝသသတင်းများ၊ အစိုးရဌာနအသီးသီး၏ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များနှင့် အရေးပေါ်ဖုန်းနံပါတ်များ စသည်တို့ကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်သလို ဖုန်းနံပါတ်များကို app မှ တိုက်ရိုက် ဖုန်းခေါ်ဆိုသွားနိုင်အောင် စီစဥ်ပေးထားတယ်လို့လည်း သိရပါတယ်။

Myanmar National Portal ရဲ့ Mobile Application ကို Google Play Store နဲ့ App Store တို့မှာ အခုအခါမှာ လွှင့်တင်ထားပြီးဖြစ်ရာ Android version အတွက် https://bit.ly/3pj1SVF နဲ့ iOS version အတွက် https://bit.ly/3eGW2s0 တို့ကနေရယူနိုင်သလို QR Code ကို Scan ဖတ်၍ Download ရယူအသုံးပြုနိုင်ပြီ ဖြစ်သလို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website နဲ့ Facebook Page (Myanmar National Portal) တို့မှာလည်း Download ရယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««