Myanmar National Portal တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ အသီးသီးလွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်တွေ၊ e-service တွေကို တစ်နေရာတည်းမှာ စုစည်းဝန်ဆောင်မှုပေးမယ့် Myanmar National Portal တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာကျင်းပခဲ့တယ် လို့သိရပါတယ်။

Myanmar National Portal မှာပါဝင်မယ့် ဝန်ဆောင်မှုတွေနဲ့ စပ်လျဉ်းပြီး မိတ်ဆက်ရှင်းလင်း တင်ပြတာ၊ လိုအပ်တဲ့အချက်အလက်တွေကို စစ်တမ်းကောက်ယူတာ အစရှိတဲ့ လုပ်ငန်းတွေကိုဆောင် ရွက်သွားနိုင်ဖို့ရည်ရွယ်ပြီး ကျင်းပခဲ့တာလို့ဆိုပါတယ်။ ဝက်ဘ်ဆိုက်တွေ၊ e-service တွေကို တစ်နေရာတည်းမှာ စုစည်းပြီး လျင်မြန်တဲ့ ထိရောက်တဲ့ Single Window Public Services ဝန်ဆောင်မှုတွေပေး နိုင်မယ်လို့ သိရပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တဲ့အချက်တွေကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဗီယက်နမ်နိုင်ငံ FPT Information System မှတာဝန်ရှိသူက Myanmar National Portal မှာ ထည့်သွင်း တည်ဆောက်သွားမယ့် Features နဲ့ Services တွေအကြောင်းကို အသေးစိတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း