Myanmar Institute of Information Technology ၏ ဝင်ခွင့်စာမေးပွဲနေ့ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိဟုဆို

မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID 19 ကူးစက်ရောဂါ ပြန့်ပွားလျက်ရှိနေတဲ့အတွက် Myanmar Institute of Information Technology (MIIT) အနေနဲ့ ဝင်ခွင့်လျှောက်လွှာထုတ်ပေးမယ့်နေ့၊ ဝင်ခွင့်စာမေးပွဲနေ့တွေကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးကြောင်း MIIT Mandalay Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

social media ပေါ်က ကောလာဟလတွေကို မယုံကြည်ကြဖို့ မေတ္တာရပ်ခံပါတယ်။ သတင်းအမှန်ရဖို့ MIIT ဝက်ဘ်ဆိုက် ဖြစ်တဲ့ miit.edu.mm မှာစောင့်ကြည့်နိုင်ပါတယ်။ MIIT ဝင်ခွင့်အတွက် ဖွင့်ထားတဲ့ သင်တန်းတွေဟာ ၎င်းတို့ရဲ့ website တွေနှင့် social media page တွေမှာ MIIT logo ကိုသုံးနေတာကို တွေ့ရပါတယ်။ MIIT က ထိုသင်တန်းတွေကို Logo သုံးဖို့ခွင့်မပြုထားတဲ့အတွက် MIIT logo သုံးခြင်းဟာ တရားမဝင်ပါဘူး။ MIIT သည် မည်သည့်ဝင်ခွင့်သင်တန်းကိုမှ ထောက်ခံထားခြင်းမရှိပါ။ မိမိတို့ရွေးချယ်တက်ရောက်ထားသော သင်တန်းများရဲ့ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲကိစ္စရပ်များသည် MIIT နှင့် လုံးဝမသက်ဆိုင်ပါ ဟု ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Myanmar Institute of Information Technology (MIIT) ကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Computer Science & Engineering (CSE) နဲ့ Electronics & Communication Engineering (ECE) ပရိုဂရမ်များကို လက်တွေ့ပိုင်းနဲ့ဆက်စပ် သင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««