
မြန်မာငွေလဲနှုန်းတွေကို အလွယ်တကူ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ နိုင်ငံတကာငွေကြေး အလိုက် မြန်မာကျပ်ငွေ လဲလှယ်စျေးနှုန်းအပြင် မိမိ လဲလှယ်မယ့် ငွေကြေးပမာဏကိုလည်း တွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းက ဘဏ်တွေမှာ လဲလှယ်နိုင်မယ့် ငွေကြေး လဲလှယ်နှုန်းထားတွေကိုပါ ကြည့်ရှုနိုင်ဖို့ ဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်တွေလည်း စုစည်းဖော်ပြပေးထားပါတယ်။
အွန်လိုင်းအခြေပြု App ဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။