Myanmar Electronic Addressing Plan မူၾကမ္းအား အမ်ားျပည္သူသေဘာထားေတာင္းခံ

[Zawgyi]

Myanmar Electronic Addressing Plan မူၾကမ္းကိုေဆာင္ရြက္လ်က္ရွိရာ အမ်ားျပည္သူ သေဘာထားေတာင္းခံထားေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာနကေနသိရပါတယ္။

မူၾကမ္းအေပၚအႀကံျပဳခ်က္မ်ား၊ သေဘာထားမွတ္ခ်က္မ်ားေပးပို႔ရန္ ရွိပါက Introductory Comment, EAP Questions, Summary & Conclusion တို႔မွာ ျမန္မာဘာသာ (သို႔မဟုတ္) အဂၤလိပ္ဘာသာနဲ႔ (၅-၈-၂၀၁၈) ရက္ ေနာက္ဆုံးထားၿပီး ႐ုံးခ်ိန္ အတြင္း ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနကိုလည္းေကာင္း၊ [email protected], [email protected] တို႔ကိုလည္း ေကာင္းေပးပို႔ႏိုင္ေၾကာင္းသိရပါတယ္။ ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနအေနနဲ႔ ဆက္သြယ္ေရး ဥပေဒ အခန္း(၇) ၊ ပုဒ္မ (၂၁) ၊ (၂၂) ႏွင့္ (၂၃) ပါျပ႒ာန္းခ်က္ေတြအရ အီလက္ထေရာနစ္လိပ္စာေတြျဖစ္တဲ့ Public IP Address ၊ Autonomous System (AS) Number နဲ႔ Domain Name တို႔နဲ႔ စပ္လ်ဥ္းၿပီး စိစစ္ႀကီးၾကပ္ျခင္း၊ စီမံခန႔္ခြဲျခင္းလုပ္ငန္းေတြကို ေဆာင္ရြက္ရမွာနဲ႔ အညီ ျမန္မာႏိုင္ငံရဲ႕ .mm Domain Registry အျဖစ္ တာဝန္ယူေဆာင္ရြက္ သြားမွာျဖစ္ေၾကာင္း ဆိုပါ တယ္။ မူၾကမ္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန၀က္ဘ္ဆိုက္မွာရယူႏိုင္ပါတယ္။

ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနအေနနဲ႔ Public IP Address နဲ႔ Autonomous System (AS) Number ေတြကို စိစစ္ႀကီးၾကပ္ျခင္းလုပ္ငန္းေတြ၊ Domain Name Category ေတြကို ခြဲျခားသတ္မွတ္ျခင္း၊ Domain Name Category အလိုက္ ေလၽွာက္ထားခြင့္ရွိသူေတြကို သတ္မွတ္ျခင္း၊ ေလၽွာက္ထားရယူနိုင္ျခင္းမရွိေသာ Domain Name ေတြကိုသတ္မွတ္ျခင္း၊ အရံထားရွိတဲ့ Domain Name (Reserved Domain Name)ေတြကို သတ္မွတ္ျခင္း၊ Registrant (Domain Name မွတ္ပုံတင္သူ) နဲ႔ Registrar (Domain Name ေတြကို ေရာင္းခ်ျခင္းနဲ႔ မွတ္ပုံတင္စာရင္းေတြကို ထိန္းသိမ္းျခင္းကိုေဆာင္ရြက္သူ)ေတြရဲ႕ လုပ္ပိုင္ခြင့္၊ တာဝန္ဝတၱရား သတ္မွတ္ျခင္း၊ Domain ေရာင္းခ်မႈႏွင့္စပ္လ်ဥ္းၿပီး Registrar ေတြ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ျခင္း၊ Domain ေတြကို မွတ္ပုံတင္ျခင္း၊ ပယ္ဖ်က္ျခင္း၊ အသစ္ျပန္လည္ေလၽွာက္ထားျခင္း လုပ္ငန္းစဥ္ေတြ၊ Electronic Addressing Plan အား ေရးဆြဲထုတ္ျပန္နိုင္ေရး ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[Unicode]

Myanmar Electronic Addressing Plan မူကြမ်းကိုဆောင်ရွက်လျက်ရှိရာ အများပြည်သူ သဘောထားတောင်းခံထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။

မူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များပေးပို့ရန် ရှိပါက Introductory Comment, EAP Questions, Summary & Conclusion တို့မှာ မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာနဲ့ (၅-၈-၂၀၁၈) ရက် နောက်ဆုံးထားပြီး ရုံးချိန် အတွင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကိုလည်းကောင်း၊ [email protected], [email protected] တို့ကိုလည်း ကောင်းပေးပို့နိုင်ကြောင်းသိရပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး ဥပဒေ အခန်း(၇) ၊ ပုဒ်မ (၂၁) ၊ (၂၂) နှင့် (၂၃) ပါပြဋ္ဌာန်းချက်တွေအရ အီလက်ထရောနစ်လိပ်စာတွေဖြစ်တဲ့ Public IP Address ၊ Autonomous System (AS) Number နဲ့ Domain Name တို့နဲ့ စပ်လျဉ်းပြီး စိစစ်ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ရမှာနဲ့ အညီ မြန်မာနိုင်ငံရဲ့ .mm Domain Registry အဖြစ် တာဝန်ယူဆောင်ရွက် သွားမှာဖြစ်ကြောင်း ဆိုပါ တယ်။ မူကြမ်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာရယူနိုင်ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Public IP Address နဲ့ Autonomous System (AS) Number တွေကို စိစစ်ကြီးကြပ်ခြင်းလုပ်ငန်းတွေ၊ Domain Name Category တွေကို ခွဲခြားသတ်မှတ်ခြင်း၊ Domain Name Category အလိုက် လျှောက်ထားခွင့်ရှိသူတွေကို သတ်မှတ်ခြင်း၊ လျှောက်ထားရယူနိုင်ခြင်းမရှိသော Domain Name တွေကိုသတ်မှတ်ခြင်း၊ အရံထားရှိတဲ့ Domain Name (Reserved Domain Name)တွေကို သတ်မှတ်ခြင်း၊ Registrant (Domain Name မှတ်ပုံတင်သူ) နဲ့ Registrar (Domain Name တွေကို ရောင်းချခြင်းနဲ့ မှတ်ပုံတင်စာရင်းတွေကို ထိန်းသိမ်းခြင်းကိုဆောင်ရွက်သူ)တွေရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်ဝတ္တရား သတ်မှတ်ခြင်း၊ Domain ရောင်းချမှုနှင့်စပ်လျဉ်းပြီး Registrar တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ခြင်း၊ Domain တွေကို မှတ်ပုံတင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြန်လည်လျှောက်ထားခြင်း လုပ်ငန်းစဉ်တွေ၊ Electronic Addressing Plan အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း