Myanmar E-Sports Forum 2020 Virtual Event ကျင်းပ

Next Lvl နဲ့ KMD က ဦးစီးကျင်းပတဲ့ Myanmar E-Sports Forum 2020 Virtual Event ကို ယနေ့ နေ့လယ် ၁ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ Esports Industry ရဲ့ တိုးတက်လာတဲ့အကြောင်း၊ ဝင်ငွေရှာနိုင်တဲ့ အလားအလာတွေ၊ ဖြစ်ပေါ်တိုးတက်လာတဲ့ E-Sports start up တွေ ကုမ္ပဏီတွေ၊ Coporations ကြီးတွေ၊ နိုင်ငံတကာ Government တွေနဲ့ Education sector က တက္ကသိုလ်တွေ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေ အစရှိတဲ့ E-Sports ကို အဖက်ဖက်က ထောက်ပံ့ပေးလာတဲ့ အလားအလာတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာ၊ အာရှ ဒေသ အတိုင်းအတာ၊ မြန်မာနိုင်ငံ အတိုင်းအတာ အစရှိတဲ့ ရှုထောင့်တွေကနေ သုံးသပ်ခဲ့ပြီး E-Sport နဲ့ ဆက်စပ်နယ်ပယ်တွေဖြစ်တဲ့ STEAM, Game Development နဲ့ Gamification နယ်ပယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

Forum မှာ Myanmar Computer Federation (MCF) ရဲ့  ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Keynote Speech ကို Chinese Taipei Esports Association မှ Deputy Secretary General ဖြစ်သူ Ms. Grace Chen, Myanmar E-sports Federation (MESF) က ဒုဥက္ကဋ္ဌ ဒေါက်တာဦးကောင်းမြတ်စံ၊ Acer Planet9.gg ရဲ့ E-sports Services မှ Growth Director ဖြစ်သူ Mr. James Hsu တို့က အသီးသီး ပြောကြားခဲ့ပါတယ်။ ထို့နောက် “Education & Careers in E-sports, STEAM & Gamification” ခေါင်းစဥ်ဖြင့် Panel Discussion ကို Panelist များအဖြစ် 360ed မှ Founder and CEO ဒေါ်လှလှဝင်း၊ Myanmar Creative Technology College (MCTC)မှ Academic Head ဖြစ်သူ ဦးနန္ဒရဲအောင်၊ Game Cast Network (GCN) မှ CoFounder and CEO ဖြစ်သူ ဦးစိုးမိုးအေး၊ Save In Your Brain Game Academy (SIYB) မှ Program Director ဖြစ်သူ ဦးမင်းခန့်အောင် တို့က ပါဝင်ဆွေးနွေးခဲ့ပြီး KMD Institute မှ Program Manager ဖြစ်သူ ဒေါ်အေးအေးကျော် မှ Moderator အဖြစ် ပါဝင်ခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««