Myanmar E-sports Forum 2020 ကျင်းပမည်

Next LvL နဲ့ KMD တို့မှ ဦးစီးကာ Myanmar E-sports Forum 2020 Virtual Event ကို ဒီဇင်ဘာ ၁၂ ရက်၊ နေ့လယ် ၁ နာရီမှာ ကျင်းပပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Forum ကို အိုင်စီတီနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ တိုးတက်လာတဲ့အမျှ ထိုနည်းပညာတွေအပေါ်ကို အခြေခံထားတဲ့ E-sports industry ရဲ့ ကောင်းတဲ့ potential အလားအလာတွေ၊ E-sports ရဲ့ Positive impact တွေ အကြောင်းကို လူတွေသိအောင်လို့ မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပြီး E-sports industry နဲ့ Community အတွက် awareness နဲ့ တိုးတက်မှုအတွက် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

Forum မှာ E-sports industry ရဲ့ တိုးတက်လာတဲ့အကြောင်း၊ ဝင်ငွေရှာနိုင်တဲ့ အလားအလာတွေ၊ ဖြစ်ပေါ်တိုးတက်လာတဲ့E-sports startup တွေ၊ Company တွေ၊ Corporations ကြီးတွေ၊ နိုင်ငံတကာ Government တွေနဲ့ Education Sector က University တွေ အဖွဲ့အစည်းတွေရဲ့ Support တွေ၊ အစရှိတဲ့ E-sports ကို အဖက်ဖက်က Support ပေးလာတဲ့ အလားအလာတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာ၊ အာရှ Region အတိုင်းအတာ၊ မြန်မာနိုင်ငံ အတိုင်းအတာ အစရှိတဲ့ ရှုထောင့်တွေကနေ သုံးသပ်မှာဖြစ်ပြီး၊ E-sports နဲ့အတူ ဆက်စပ်နယ်ပယ်တွေ ဖြစ်တဲ့ STEAM, Game Development နဲ့ Gamification နယ်ပယ်တွေရဲ့ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ တိုင်ပင်ဆွေးနွေး ပြောကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar E-sports Forum 2020 Virtual Event ကို Next LvL By KMD Facebook Page, KMD Institute Facebook Page, KMD Computer & Mobile Facebook Page နဲ့ 7 days TV Facebook Page တွေကနေ တစ်ဆင့် LIVE တိုက်ရိုက် ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««