Myanmar Digital Education Platform-MDEP နှင့် Education 4.0 ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကျင်းပ

မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform-MDEP) နှင့် ပညာရေး ၄.၀ (Education 4.0) ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၈ ရက်က အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ယနေ့ကျင်းပသည့် မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်း (Myanmar Digital Education Platform-MDEP) နှင့် ပညာရေး ၄.၀ (Education 4.0) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ MDEP ကိုကူညီဆောင်ရွက်ပေးပါသော ဦးတင်မောင်မောင်အေး၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ဆရာကြီးဆရာကြီးများအားလုံးနှင့် စိတ်ဝင်တစား တက်ရောက်ကြသူများအားလုံး ရောဂါဘယကင်းရှင်းပြီး ကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းပါကြောင်း၊ ဂျာမန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်း၊ RolandBerger ကုမ္ပဏီနှင့် မြန်မာစစ်တမ်းသုတေသနအဖွဲ့တို့က ၂၀၁၉ ခုနှစ် မေလမှာ ထုတ်ဝေတဲ့ Industry 4.0 in Myanmar: Leapfrogging Across Sectors and How to Overcome theBarriersစက္ကူဖြူစာတမ်းအရ မြန်မာနိုင်ငံ၏ ပညာရေးသည်နည်းပညာများ၊ဒီဂျစ်တယ်ဆိုင်ရာစီမံခန့်ခွဲမှုများအတွက် အဆင်သင့်မဖြစ်သေးသကဲ့သို့ စီးပွားရေးလုပ်ငန်းများနှင့် လိုက်လျောညီထွေမှုမရှိသေးကြောင်း၊ သို့သော် လူငယ်များအနေဖြင့် သင်ယူလိုခြင်း၊ မိုဘိုင်းဆက်သွယ်ကွန်ရက်များ အားကောင်းလာသဖြင့် လူတိုင်း Smart Phone အသုံးပြုခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် တတိယအဆင့်ရှိခြင်းတို့သည် အားသာချက်များဖြစ်ပြီး ယင်းတို့ကို တက္ကသိုလ်များတွင် ခေတ်အခြေအနေနှင့် လိုက်လျောညီဖြစ်အောင် သင်ရိုးများမြှင့်တင်နိုင်ခြင်း၊ Industry 4.0 နှင့်ကိုက်ညီသောနည်းပညာများကို ပညာရေးကလိုက်လျောညီထွေဖြစ်အောင် စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ပေးနိုင်ပါက အခွင့်အလမ်းများရှိလာနိုင်ကြောင်း၊မိမိတို့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးသောအရည်အသွေးရှိအောင်မြှင့်တင်၍ ပညာရေးအရည်အသွေးရှိအောင် စုပေါင်းအင်အားဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးချုပ်များ၊MDEP ကိုကူညီဆောင်ရွက်ပေးနေသည့် ဦးတင်မောင်မောင်အေး၊ တက္ကသိုလ်၊ ကောလိပ်များမှ ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««