Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်

Myanmar Digital Education Platform မှာ DTVET Learning Management System စတင်လွှင့်တင်ခြင်း ဖွင့်လှစ်ခြင်းအခမ်းနားကို ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှာ Virtual စနစ်နဲ့ ကျင်းပခဲ့ပါတယ်။

အဆိုပါ DTVET LMS ရဲ့ ကိုယ်တိုင်လေ့လာသင်ယူခြင်း ကဏ္ဍခွဲမှာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနဲ့ သက်မွေးပညာသင်တန်းကျောင်းတွေမှာ ဖွင့်လှစ်သင်ကြားလျက်ရှိတဲ့ အထူးပြုဘာသာရပ်ကိုးခု၊ workplace safety ဆိုင်ရာ Knowledge sharing ဗီဒီယိုများ အပါအဝင် စုစုပေါင်း သင်ကြားရေး ဗီဒီယို ၄၁ ခုနဲ့ သက်ဆိုင်ရာ ဗီဒီယို အလိုက် ဉာဏ်စမ်းမေးခွန်းများ (Quizzes) အားထည့်သွင်းထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဦးစီးဌာန အနေနဲ့လည်း သင်တန်းနှစ် အလိုက် ပြဋ္ဌာန်းစာအုပ်များကို ebook အဖြစ်ဆောင်ရွက်ခြင်း၊ သင်ကြားရေး အရင်းအမြစ်များ (Digitalized Course videos and Assessments) ထည့်သွင်းခြင်း၊ မွမ်းမံသင်တန်းများအတွက် Digitalized TOT Videos and Teaching Materials များထည့်သွင်းခြင်း၊ မွမ်းမံသင်တန်းများအတွက် Digitalized Pre-TOT Videos and Materials များထည့်သွင်းခြင်းတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို Digital Learning Management System စနစ်ဖြင့် အွန်လိုင်းအသုံးပြုကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အသုံးပြုဆောင်ရွက် နိုင်ကြစေရန်နှင့် ကျောင်းသား ကျောင်းသူများ အပါအဝင် TVET ကဏ္ဍအား စိတ်ပါဝင်စားသော အများပြည်သူများ Myanmar Digital Education Platform တွင်ရှိသော နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍမှာ ထည့်သွင်းတည်ဆောက်ထားသော DTVET LMS စနစ်သို့ဝင်ရောက်ပြီး မိမိတို့ လေ့လာသိရှိလိုတဲ့ပညာရပ်တွေကို ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် သင်ယူတတ်မြောက်စေရန် ရည်ရွယ်ကာ Myanmar Digital Education Platform ကိုစတင်လွှင့်တင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««