
အင်တာနက်မလိုဘဲ Offline အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို အခမဲ့အသုံးပြုနိုင်မယ့် မြန်မာဝေါဟာရအဘိဓာန် App ဖြစ်ပါတယ်။ မြန်မာဘာသာစကား ဝေါဟာရအဓိပ္ပာယ် ရှင်းလင်းချက်တွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပြီး မိမိသိရှိလိုတဲ့ မြန်မာအက္ခရာကို ရိုက်ကာ အဓိပ္ပာယ်ကို ရှာဖွေနိုင်မှာဖြစ်သလို အသံထွက်ဖြင့်လည်း နားထောင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ App ကို Android ver 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««