Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲ အောက်တိုဘာ ၂၅ ရက်တွင် အွန်လိုင်းမှ ကျင်းပမည်

Myanmar Cybersecurity Month 2020 ကို ကြိုဆိုတဲ့အနေနဲ့ Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၅ ရက် နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီအထိ Zoom Webinar နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (ITCSD) ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ USICT Council Myanmar တို့ ပူးပေါင်းကာ သတင်းအချက်အလက် နည်းပညာခေတ်မှာ Cyber လုံခြုံရေးနည်းပညာများ တိုးတက်ပြန့်ပွားလာစေရန် အတွက် Cybersecurity နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ခေါင်းစဉ် (၂) ရပ်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Panel (1) ကို Road to National Cyber Security Framework ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Panel (2) ကို Skills Set for Cyber Security Professionals ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Cybersecurity နည်းပညာ ဆွေးနွေးပွဲကို ဖိတ်ကြားထားသော Government CIO/ CTO များ၊ အစိုးရဌာနများ၊ သက်ဆိုင်ရာဌာနများနဲ့ Cyber Security ကို စိတ်ဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://tiny.cc/MCM2020 မှတစ်ဆင့် ဝင်ရောက်ကာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««