Myanmar Cyber Security Challenge 2019 ၿပိဳင္ပြဲက်င္းပမည္

[ Zawgyi ]

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ႀကီးမွဴးက်င္းပတဲ့ Myanmar Cyber Security Challenge 2019 (အလြတ္တန္းအဆင့္) ၿပိဳင္ပြဲကို ဩဂုတ္ ၁၁ ရက္မွာ သတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္၊ ရန္ကုန္မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆုိပါၿပိဳင္ပြဲကို လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္လာေစရန္၊ လူငယ္မ်ားအၾကား ဆိုက္ဘာလုံၿခဳံေရး ဆိုင္ရာ အသိပညာျပန႔္ပြားေစရန္နဲ႔ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ သက္ေမြးဝမ္းေက်ာင္းမႈ အခြင့္အလမ္းမ်ား တိုးတက္လာေစရန္ စတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ က်င္းပတာ ျဖစ္ပါတယ္။ ပညာအရည္အခ်င္း ကန္႔သတ္မႈမရွိဘူးလို႔ သိရပါတယ္။ ၿပိဳင္မယ့္အဖြဲ႕ တစ္ဖြဲ႕ကို (၃) ဦးနဲ႔ ဖြဲ႕ထားဖို႔ လိုအပ္ၿပီး အဖြဲ႕ႏွစ္ဆယ္သာ စိစစ္လက္ခံၿပီး ယွဥ္ၿပိဳင္ေစမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲ၀င္မယ့္ အဖြဲ႕ေတြအေနနဲ႔ စာရင္းေပးသြားတာ အဖြဲ႕ (၂၀) ေက်ာ္ရင္ အြန္လိုင္း ေပၚက စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ သိရပါတယ္။

ေျဖဆိုရမယ့္ ဘာသာရပ္ေတြကေတာ့ Web, Forensics, Reverse Engineering, Cryptography , Binary Exploits စတာေတြျဖစ္ၿပီး ပထမ ၁၅ သိန္း+ Trophy , Certificate, ဒုတိယဆု ၁၀ သိန္း+Trophy , Certificate၊ တတိယဆု ၇ သိန္းTrophy , Certificate တို႔ကို ခ်ီးျမႇင့္သြားမွာျဖစ္သလို ၿပိဳင္ပြဲမွ ေလးဦးကို ထပ္မံေရြးခ်ယ္ကာ ႏို၀င္ဘာ ၂၁ ရက္၊ ထိုင္းႏိုင္ငံမွာက်င္းပမယ့္ ASAN Cyber seagame ၿပိဳင္ပြဲကို ေစလႊတ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ျပိဳင္ပြဲဝင္ေလွ်ာက္လႊာေတြကို ဇူလိုင္ ၂၆ ရက္ထက္ ေနာက္မက်ေစဘဲ အမ်ိဳးသားဆိုက္ဘာလုံၿခဳံေရးဗဟိုဌာန၊ S12 Building၊ ဇမၺဴက်က္သေရလမ္း၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္သို႔ လူကိုယ္တိုင္လာေရာက္ေပးပို႔၍ ျဖစ္ေစ၊ [email protected] သို႔ အီးေမးလ္နဲ႔ျဖစ္ေစ ေပးပို႔ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲအေၾကာင္း အေသးစိတ္သိရွိလိုပါက ဖုန္း ၀၆၇-၃၄၂၂၂၇၂ ကုိ ဆက္သြယ္ေမးျမန္းစံုစမ္းႏိုင္ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ဩဂုတ် ၁၁ ရက်မှာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါပြိုင်ပွဲကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပညာပြန့်ပွားစေရန်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ပညာအရည်အချင်း ကန့်သတ်မှုမရှိဘူးလို့ သိရပါတယ်။ ပြိုင်မယ့်အဖွဲ့ တစ်ဖွဲ့ကို (၃) ဦးနဲ့ ဖွဲ့ထားဖို့ လိုအပ်ပြီး အဖွဲ့နှစ်ဆယ်သာ စိစစ်လက်ခံပြီး ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အဖွဲ့တွေအနေနဲ့ စာရင်းပေးသွားတာ အဖွဲ့ (၂၀) ကျော်ရင် အွန်လိုင်း ပေါ်က စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့ Web, Forensics, Reverse Engineering, Cryptography , Binary Exploits စတာတွေဖြစ်ပြီး ပထမ ၁၅ သိန်း+ Trophy , Certificate, ဒုတိယဆု ၁၀ သိန်း+Trophy , Certificate၊ တတိယဆု ရ သိန်းTrophy , Certificate တို့ကို ချီးမြှင့်သွားမှာဖြစ်သလို ပြိုင်ပွဲမှ လေးဦးကို ထပ်မံရွေးချယ်ကာ နိုဝင်ဘာ ၂၁ ရက်၊ ထိုင်းနိုင်ငံမှာကျင်းပမယ့် ASAN Cyber seagame ပြိုင်ပွဲကို စေလွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကို ဇူလိုင် ၂၆ ရက်ထက် နောက်မကျစေဘဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ S12 Building၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ ဖြစ်စေ၊ [email protected] သို့ အီးမေးလ်နဲ့ဖြစ်စေ ပေးပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၃၄၂၂၂၇၂ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။