Myanmar Cyber Security Challenge 2018 ဖြေဆိုမည့်သူများ ဘာသာရပ် ခြောက်ခု လေ့လာရမည်

Myanmar Cyber Security Challenge 2018 ဖြေဆိုမယ့် သူတွေအနေနဲ့ ဘာသာရပ်ခြောက်ခုကို လေ့လာရမယ်လို့ သိရပါတယ်။

မေးခွန်းတွေကို အရင်နှစ်တွေ ကျင်းပနေတဲ့အတိုင်း CTF Jeopardy style ပုံစံနဲ့ ပဟေဠိပုံစံ ပြုလုပ်ထားတာကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ လေ့လာရမယ့် ဘာသာရပ်တွေကတော့ (၁) Web Security, (၂) Reverse Engineering (၃) Cryptography + Steganography (၄) Pwn (၅) Forensics (၆) Miscenllaneous တို့ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ လေ့လာစရာတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် mmCERT ဖေ့စ်ဘုတ်စာမျက်နှာက တစ်ဆင့်ထုတ်ပြန် ပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ Cyber Security ပိုင်းဆိုင်ရာ အသိအမြင်နဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး အသက် ၃၀ ထက်မကြီးတဲ့မြန်မာ နိုင်ငံသားတွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့လိုက်ပါဝင် ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်သုံးဦးရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ယူနေဆဲသူဆိုရင်တော့ သက်ဆိုင်ရာကျောင်းက ခွင့်ပြုချက်ပါရမှာ ဖြစ်ပါတယ်။ ပထမဆု ၁၀ သိန်း၊ ဒုတိ ယဆု ၇ သိန်းနဲ့ တတိယဆု ၅ သိန်းကျပ် ရမှာ ဖြစ်ပါတယ်။ ဆုအားလုံးအတွက် Trophy နဲ့ Certificate တို့ ပေးအပ်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း