Myanmar Cyber Security Challenge 2018 အခမ်းအနားကျင်းပ

မြန်မာဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ ( Myanmar Cyber Security Challenge 2018) အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်က MICT Park မှာ ကျင်းပခဲ့ပါတယ်။

မေးခွန်းတွေကို အရင်နှစ်တွေ ကျင်းပနေတဲ့အတိုင်း CTF Jeopardy style ပုံစံနဲ့ ပဟေဠိပုံစံ ပြုလုပ်ထားတာကို ရွေးချယ်ဖြေဆိုရတာ ဖြစ်ပါတယ်။ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်းနဲ့ တတိယဆု ၅ သိန်းကျပ် ပေးအပ်ခဲ့ပါတယ်။ ဆုအားလုံးအတွက် Trophy နဲ့ Certificate တို့ ပေးအပ်ခဲ့တာဖြစ်ပြီး အခုနှစ်အတွက် ပြိုင်ပွဲဝင်အသင်း ၂၀ ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဘာသာရပ်ခြောက်ခု ဖြေဆိုရတာဖြစ်ပြီး (၁) Web, (၂) Reverse Engineering, (၃) Cryptography + SteGanography, (၄) PWN, (၅) Forensics, (၆) Misc (Mobile + Network Analysis + others) တို့ဖြစ်ပါတယ်။ ဘာသာတစ်ခုစီအတွက် မေးခွန်း (၇) စုံစီပါဝင်ကာ စုစုပေါင်း ပေးမှတ် (၁၀၀၀) ဖြစ်ပါတယ်။

-ထွန်းထွန်း