Myanmar Cyber Security ပြိုင်ပွဲအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားမည်

လာမယ့်ဇန်န၀ါရီ ၂၅ ရက်မှာကျင်းပမယ့် Myanmar Cyber Security Challenge 2018 ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဒီနေ့ရှင်လင်းပြောကြားမယ်လို့ သိရပါတယ်။

ရန်ကုန်ကွန်ပျုတာတ္ကသိုလ် University of Computer Studies, Yangon မှာ ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၁၀ နာရီကနေ ၁၁ နာရီ အထိလည်းကောင်း၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် University of Information Technology – UIT မှာ နေ့လယ် ၁၂း ၂၀ မှ ၁း၂၀ အထိလည်းကောင်း ရှင်းလင်းပြောကြားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို တစ်ပါတည်း ယူဆောင်လာမှာဖြစ်လို့ ပြိုင်ပွဲအတွက် လျှောက်လွှာစာရင်း ပေးသွင်းခြင်းကိုလည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ MICT Park မှာကျင်းပသွားမယ့် အဲဒီအခမ်းအနားမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူတွေကို ဇန်နဝါရီ ၂၀ မှာ ကြေညာသွားမှာဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ လျှောက်လွှာပိတ်မှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို www.mcf.org.mm, www.mcpamyanmar.org.mm, www.mmcert.org.mm တို့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ Cyber Security ပိုင်းဆိုင်ရာ အသိအမြင်နဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး အသက် ၃၀ ထက်မကြီးတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့လိုက်ပါဝင် ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်သုံးဦး ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ယူနေဆဲ သူဆိုရင်တော့ သက်ဆိုင်ရာကျောင်းက ခွင့်ပြုချက်ပါရမှာ ဖြစ်ပါတယ်။

-ထွန်းထွန်း