Myanmar Connect 2019 ကျင်းပသွားမည်

Myanmar Connect 2019 ကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပံ့ပိုးထားသော အဆိုပါအခမ်းအနားကို ဒေသတွင်းနဲ့ နိုင်ငံတကာရှိ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူလုပ်ငန်းရှင်ပေါင်း ၄၅၀ မှ မြန်မာနိုင်ငံ ရဲ့ ဒီဂျစ်တယ်စီးပွားရေး အနာဂတ် အကြောင်းကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၊ မိုဘိုင်းကွန်ရက် လုပ်ငန်းရှင်များ (MNOs)၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်များ မှ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေး အနာဂတ်ကို ပံ့ပိုးပေးမယ့် သူတို့ရဲ့ လက်ရှိအမြော်အမြင်နဲ့ နည်းဗျုဟာတွေကို ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်စေရန်နဲ့ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုရှိစေမယ့် အကြောင်းအရာတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဖိုက်ဘာဖြန့်ကြက်မှု အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်း၊ ဒေတာစင်တာများ တိုးချဲ့တည်ဆောက်ခြင်း၊ အင်တာနက် တိုးတက်ကောင်းမွန်စွာ ရရှိရေးနဲ့ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်မှုနည်းပါးနေတဲ့ နေရာများအတွက်နဲ့ နိုင်ငံတကာဆက်သွယ်မှု ရင်းနှီးမြှုပ်နှံခြင်း အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးတင်ပြမှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။