Myanmar Connect 2017 အခမ်းအနားကျင်းပမည်

ဆက်သွယ်ရေး အော်ပရေတာတွေ နည်းပညာဆိုင်ရာ လုပ်ငန်းတွေ ပါဝင်ဆွေးနွေးမယ့် Myanmar Connect 2017 အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ နေပြည်တော်မှာကျင်းပမှာဖြစ် တယ်လို့သိရပါတယ်။ နည်းပညာနဲ့ ဆက်နွယ်တဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေ၊ ဆက်သွယ်ရေး နည်းပညာ၊ မြန်မာနိုင်ငံအတွင်း ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အော်ပရေတာတွေရဲ့ ဝန်ဆောင်မှု အကြောင်းအရာတွေ ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။

ယခုကျင်းပတဲ့အခမ်းအနားဟာ ငါးကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ Myanmar Connect 2016 အခမ်းအနားမှာ အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆက်သွယ်ရေး ညွှန်ကြားမှုဦး စီးဌာန၊ MPT, Ooredoo, Telenor စတဲ့ ကုမ္ပဏီတွေ၊ Gateway ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက လက်ရှိမြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ နည်းပညာဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၂၀၁၆၊ စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၁၆ အခမ်းအနားမှာတုန်းက အရှေ့တောင်အာရှ နိုင်ငံတွေကြား သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာနိုင်ငံ အသစ်တစ်ခု ဖြစ်လာစေဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံချက်တွေဖြစ်တဲ့ AsiaPacific Information Superhighway နဲ့ Silk Road ရဲ့ ပဏာမခြေလှမ်းတွေကို မြန်မာနိုင်ငံမှာ ဘယ်လိုအကျိုးရှိရှိအသုံးချနိုင်မလဲဆိုတာကို ထည့်သွင်းဆွေး နွေးခဲ့တာတွေ့ရပါတယ်။

-ထွန်းထွန်း