Myanmar Career Expo 2018 အခမ်းအနားကျင်းပနေ

[Zawgyi]




[foogallery id=”89376″]

[Unicode]

အလုပ်အကိုင်ရွေးချယ်မှုတွေပြုလုပ်နိုင်စေဖို့ ရည်ရွယ်ကျင်းပတဲ့ Myanmar Career Expo 2018 အခမ်းအနားကို ဇူလိုင် ၂၈ ရက်(ဒီနေ့) ရန်ကုန် နည်းပညာတက္ကသိုလ်မှာကျင်းပနေပါတယ်။

ပြည်တွင်းနဲ့ပြည်ပမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာဆည်းပူးနေတဲ့မြန်မာကျောင်းသားတွေအနေနဲ့ မြန်မာနိုင်ငံရှိကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး မှန်ကန်တဲ့အလုပ်အကိုင်ရွေးချယ်မှုတွေပြုလုပ်နိုင်စေဖို့ကျင်းပတာဖြစ်ကြောင်း၊ ဒီအခမ်းအနားကနေအလုပ်အကိုင်ပေါင်း ၅၀၀ ဝန်းကျင်ရရှိဖို့ရည်ရွယ်ကြောင်းသိရပါတယ်။

အဲဒီအခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမ္မဂ၊ မြန်မာကျောင်းသားများသမ္မဂ (ယူကေနှင့်အိုင်ယာလန်) ၊ မြန်မာကျောင်းသားများသမ္မဂ (အမေရိကန်ပြည်ထောင်စု) တို့ပူးပေါင်းပြီးဦးဆောင်ကျင်းပတဲ့ပထမဆုံးအလုပ်အကိုင် ပြပွဲဖြစ်ကြောင်းသိရပါတယ်။ အခမ်းအနားကို နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိကျင်းပမှာဖြစ်ပြီးမည်သူမဆိုတက်ရောက်နိုင်ပါတယ်။

[foogallery id=”89376″]