MyanCare for Doctor

[ Zawgyi ]

မိမိရဲ႕ ေဆးကုသမႈမွတ္တမ္းဆုိင္ရာေတြကို ဆရာ၀န္ေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ ေဆြးေႏြးႏိုင္မယ့္ က်န္းမာေရးဆုိင္ရာ App ျဖစ္ပါတယ္။ မိမိအေနနဲ႔ ဆရာ၀န္ေတြကို ဖုန္းကတစ္ဆင့္ ေရြးခ်ယ္ကာ ဆက္သြယ္ခ်ိန္းဆိုမႈေတြ ျပဳလုပ္ႏုိင္မွာျဖစ္သလုိ ႀကိဳတင္ခ်ိန္းဆိုမႈ မလုပ္ခင္မွာ ဆရာ၀န္ေတြရဲ႕ကၽြမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံေတြကို ေလ့လာႏုိင္မွာလည္းျဖစ္ပါတယ္။ အသံနဲ႔ ဆက္သြယ္ႏုိင္မွာျဖစ္သလုိ ဗီဒီယုိ၊ စာတိုဆက္သြယ္မႈ စတဲ့ ပုံစံမ်ားနဲ႔လည္း ေရြးခ်ယ္ဆက္သြယ္ကာ က်န္းမာေရးဆုိင္ရာ ေဆြးေႏြးမႈေတြ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ ဆရာ၀န္ဘက္က ခြင့္ျပဳခ်ိန္ေပၚမူတည္ၿပီး တစ္ရက္ႀကိဳတင္ကာ App ကေန ခ်ိန္းဆိုနုိင္မွာျဖစ္ပါတယ္။ App ကို Android version 5.0 နဲ႔အထက္မွာ ထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ ဆိုရင္ေတာ့ ဒီေနရာမွာ Download ျပဳလုပ္ပါ။

-ရဲထြဋ္ဝင္း

[ Unicode ]

မိမိရဲ့ ဆေးကုသမှုမှတ်တမ်းဆိုင်ရာတွေကို ဆရာဝန်တွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်မယ့် ကျန်းမာရေးဆိုင်ရာ App ဖြစ်ပါတယ်။ မိမိအနေနဲ့ ဆရာဝန်တွေကို ဖုန်းကတစ်ဆင့် ရွေးချယ်ကာ ဆက်သွယ်ချိန်းဆိုမှုတွေ ပြုလုပ်နိုင်မှာဖြစ်သလို ကြိုတင်ချိန်းဆိုမှု မလုပ်ခင်မှာ ဆရာဝန်တွေရဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ အသံနဲ့ ဆက်သွယ်နိုင်မှာဖြစ်သလို ဗီဒီယို၊ စာတိုဆက်သွယ်မှု စတဲ့ ပုံစံများနဲ့လည်း ရွေးချယ်ဆက်သွယ်ကာ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဆရာဝန်ဘက်က ခွင့်ပြုချိန်ပေါ်မူတည်ပြီး တစ်ရက်ကြိုတင်ကာ App ကနေ ချိန်းဆိုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်ပါ။