
My Weather Indicator ဆိုတာကတော့ Ubuntu OS မှာ ရာသီဉတုအခြေအနေ တွေကို ကြည့်ရှုနိုင်အောင်စီစဉ်ပေးထားတဲ့ tool တစ်ခုဖြစ်ပါတယ်။ Ubuntu OS 20.04 မှာ My Weather Indicator ကိုထည့်သွင်း
အသုံးပြုလိုသူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
Ubuntu OS မှာ My Weather Indicator ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
My Weather Indicator ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:atareao/atareao
sudo apt update
sudo apt install my-weather-indicator
ဖော်ပြပါအဆင့်ကို လုပ်ဆောင်ပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်းထည့်သွင်း ပေးသွားပါလိမ့်မယ်။
-သီဟ