My Ooredoo App ဖြင့်ဖုန်းငွေဖြည့်ပါက အပိုထပ်ဆောင်းရရှိမည်

Ooredoo အသုံးပြုသူများအနေနဲ့ My Ooredoo App နဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာ ဖုန်းငွေဖြည့်ခြင်းအတွက် အပိုဖုန်းဘေလ်တွေကို ထပ်ဆောင်း ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အက်ပလီကေးရှင်းကို Android နဲ့ iOS အတွက် ထုတ်ပေးထားပြီး Google Playstore နဲ့ Apple Appstore မှာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ “အူရီဒူးသုံးစွဲသူတွေအနေနဲ့ My Ooredoo App နဲ့ ဖုန်းငွေဖြည့်တဲ့အခါမှာ အပိုငွေဖြည့်လက်ဆောင်တွေရရှိမှာဖြစ်ပါတယ်”လို့ အူးရီးဒူး မြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးနဲ့ ဆက်ဆံရေးဒါရိုက်တာ ဒေါ်ပွင့်ဦးဆွေက ပြောပါတယ်။

ရရှိသွားမယ့်အပိုထပ်ဆောင်းဖုန်းဘေလ်မှာ ၁,၀၀၀ အတွက် ၁၅၀ ကျပ်၊ ၃,၀၀၀ အတွက် ၉၀၀ ကျပ်၊ ၅,၀၀၀ အတွက် ၂၅၀၀ ကျပ်၊ ၁၀,၀၀၀ အတွက် ၅,၀၀၀ ကျပ်၊ ၂၀,၀၀၀ အတွက် ၁၀,၀၀၀ ကျပ်တို့ကို ထပ်မံရရှိသွားမှာဖြစ်ပါတယ်။

မိုဘိုင်းအက်ပလီကေးရှင်းမှာ QR Code Scan နဲ့ ငွေဖြည့်နိုင်မယ့် ဝန်ဆောင်မှုကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ပုံမှန်အတိုင်းကုဒ်နံပါတ်ကိုရိုက်ပြီး ငွေဖြည့်ရန်မလိုဘဲ လွယ်ကူစွာ ငွေဖြည့်နိုင်မှာဖြစ်ပါတယ်။

-အောင်သက်ကို