MWC တြင္ ျပသခဲ့သည့္ ျပခန္းပံုစံ Huawei ႐ံုးတြင္ဖြင့္လွစ္

[ Zawgyi ]

MWC (Mobile World Congress) မွာ ျပသခဲ့တဲ့ ျပခန္းပံုစံေဆာက္လုပ္ထားတဲ့ ေနာက္ဆံုးေပၚနည္းပညာျပခန္းကို Huawei Myanmar ႐ံုးခ်ဳပ္မွာ ဖြင့္လွစ္လိုက္ပါတယ္။

Huawei ရဲ႕ႏိုင္ငံတကာမွာရွိတဲ့ ႐ံုးေတြမွာ အဲဒီျပခန္းေတြ ဖြင့္လွစ္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာလည္း တစ္ခုအပါအဝင္အျဖစ္ ေဆာင္ရြက္လိုက္တာ ျဖစ္ပါတယ္။ စပိန္ႏိုင္ငံ၊ ဘာစီလို နာၿမိဳ႕မွာ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေနက် MWC အခမ္းအနားမွာ ႏိုင္ငံတကာ နည္းပညာ ကုမၸဏီအေျမာက္အျမားက သူတို႔ရဲ႕ေနာက္ဆံုးေပၚ နည္းပညာေတြကို ျပခန္းအျဖစ္ျပသေလ့ရွိၾကၿပီး Huawei အေနနဲ႔လည္း ျပသခဲ့ေၾကာင္း၊ အဲဒီျပခန္းမွာ ျမင္ေတြ႔ရတဲ့ေနာက္ဆံုးေပၚ နည္းပညာေတြ စုစည္းထားတဲ့ ျပခန္းကိုလည္း အခုလိုဖြင့္လွစ္လိုက္တာ ျဖစ္ေၾကာင္း Huawei Myanmar မွ တာဝန္ရွိသူေတြက ေျပာပါတယ္။

အဲဒီျပခန္းမွာ 5G နည္းပညာနဲ႔ ပတ္သက္တဲ့ျပခန္း၊ Cloud နည္းပညာဆိုင္ရာျပခန္း၊ Video Experience ဆိုင္ရာ၊ Broadband ဆိုင္ရာ အစရွိတဲ့ Huawei ရဲ႕ေနာက္ဆံုးေပၚနည္းပညာေတြကို ျပသထားတာေတြ႔ရပါတယ္။ ျမန္မာႏိုင္ငံရဲ႕လုပ္ငန္းေတြအေနနဲ႔ နည္းပညာ အေထာက္အပံ့ တစ္စံုတစ္ရာ လိုအပ္လို႔ရွိရင္လည္း အသင့္အေနအထားျဖစ္ေအာင္ေဆာင္ ရြက္ထားတယ္လို႔ဆိုပါတယ္။

-ထြန္းထြန္း

=============

[ Unicode ]

MWC တွင် ပြသခဲ့သည့် ပြခန်းပုံစံ Huawei ရုံးတွင်ဖွင့်လှစ်

=============

MWC (Mobile World Congress) မှာ ပြသခဲ့တဲ့ ပြခန်းပုံစံဆောက်လုပ်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာပြခန်းကို Huawei Myanmar ရုံးချုပ်မှာ ဖွင့်လှစ်လိုက်ပါတယ်။

Huawei ရဲ့နိုင်ငံတကာမှာရှိတဲ့ ရုံးတွေမှာ အဲဒီပြခန်းတွေ ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်ခုအပါအဝင်အဖြစ် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ စပိန်နိုင်ငံ၊ ဘာစီလို နာမြို့မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ MWC အခမ်းအနားမှာ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီအမြောက်အမြားက သူတို့ရဲ့နောက်ဆုံးပေါ် နည်းပညာတွေကို ပြခန်းအဖြစ်ပြသလေ့ရှိကြပြီး Huawei အနေနဲ့လည်း ပြသခဲ့ကြောင်း၊ အဲဒီပြခန်းမှာ မြင်တွေ့ရတဲ့နောက်ဆုံးပေါ် နည်းပညာတွေ စုစည်းထားတဲ့ ပြခန်းကိုလည်း အခုလိုဖွင့်လှစ်လိုက်တာ ဖြစ်ကြောင်း Huawei Myanmar မှ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီပြခန်းမှာ 5G နည်းပညာနဲ့ ပတ်သက်တဲ့ပြခန်း၊ Cloud နည်းပညာဆိုင်ရာပြခန်း၊ Video Experience ဆိုင်ရာ၊ Broadband ဆိုင်ရာ အစရှိတဲ့ Huawei ရဲ့နောက်ဆုံးပေါ်နည်းပညာ တွေကို ပြသထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့လုပ်ငန်းတွေအနေနဲ့ နည်းပညာ အထောက်အပံ့ တစ်စုံတစ်ရာ လိုအပ်လို့ရှိရင်လည်း အသင့်အနေအထားဖြစ်အောင်ဆောင် ရွက်ထားတယ်လို့ဆိုပါတယ်။

-ထွန်းထွန်း