Musical.ly နဲ႔ယွဥ္ၿပိဳင္မယ့္ Lip Sync Live ကို Facebook မိတ္ဆက္

[ Zawgyi ]

Facebook ဟာ ကုမၸဏီရဲ႕ ပလက္ေဖာင္းေပၚမွာ သီခ်င္းေတြကို အသံုးျပဳႏိုင္ေစမယ့္ ႀကီးမားတဲ့အေျပာင္းအလဲႏွစ္ခုကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္ သံုးစြဲသူေတြဟာ အခုအခါ မဂၤလာေဆာင္နဲ႔ ေမြးေန႔တို႔လို ကိုယ္ပိုင္ဗီဒီယိုေတြမွာ သီခ်င္းေတြထည့္သြင္းႏိုင္ေတာ့မွာျဖစ္သလို Lip Sync Live လို႔ေခၚတဲ့ feature သစ္အတြက္လည္း သီခ်င္းေတြကို ေရြးခ်ယ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

မတ္လ ၉ ရက္က Facebook ဟာ နာမည္ေက်ာ္ ေတးဂီတကုမၸဏီသံုးခုနဲ႔ သီခ်င္းအသံုးျပဳခြင့္လိုင္စင္ သေဘာတူညီခ်က္ ရရိွခဲ့တဲ့အတြက္ေၾကာင့္ သံုးစြဲသူေတြက အခုလို feature ေတြကို စတင္အသံုးျပဳႏိုင္လာတာ ျဖစ္ပါတယ္။ Facebook အေနနဲ႔ သီခ်င္းေျမာက္ျမားစြာကို သံုးစြဲသူေတြရဲ႕ ကိုယ္ပိုင္ဗီဒီယိုေတြမွာ ထည့္သြင္းႏိုင္မယ့္ option ေတြကိုလည္း စမ္းသပ္ခဲ့ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို ကမ႓ာတစ္ဝန္းျဖန္႔ခ်ိသြားဖို႔ စီစဥ္ထားေပမယ့္ ျဖန္႔ခ်ိမယ့္အခ်ိန္ အတိအက်ကိုေတာ့ မသိရေသးပါဘူး။

ဒါ့အျပင္ Facebook ဟာ Lip Sync Live လို႔ေခၚတဲ့ feature သစ္တစ္ခုကို မိတ္ဆက္ခဲ့ပါတယ္။ ဒီ feature ဟာ Musical.ly နဲ႔ Dubsmash တို႔လို နာမည္ေက်ာ္ app ေတြနဲ႔ ဆင္တူပါတယ္။ Facebook ဟာ Lip Sync Live ကို ေရြးခ်ယ္ထားတဲ့ ေစ်းကြက္အခ်ိဳ႕မွာ စမ္းသပ္ေနပါတယ္။ ဒီ feature မွာ Camila Cabello ရဲ႕

“Havana နဲ႔ Drake ရဲ႕ “God’s Plan” လို နာမည္ေက်ာ္သီခ်င္း အပါအဝင္ သီခ်င္းရာေပါင္းမ်ားစြာကို ေရြးခ်ယ္ႏိုင္ပါတယ္။ ဒါ့အျပင္ “With” option ပါဝင္တဲ့အတြက္ေၾကာင့္ ဒီ feature ကို သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ အတူတူ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ ကင္မရာ effect ေတြကိုလည္း မတူညီတဲ့ ေနာက္ခံေတြနဲ႔ အျခား တီထြင္ဆန္းသစ္တဲ့အရာေတြ ထည့္သြင္းဖို႔အတြက္ အသံုးျပဳႏိုင္ပါတယ္။

သံုးစြဲသူအေနနဲ႔ Lip Sync Live ကို အသံုးျပဳႏိုင္ၿပီဆိုရင္ Live video ကို ႏွိပ္လိုက္တဲ့အခါ option တစ္ခုကို ေတြ႕ရမွာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ကိုယ္ႏွစ္သက္တဲ့ သီခ်င္းတစ္ပုဒ္ကိုေရြးၿပီး lip-sync လုပ္ႏိုင္ပါတယ္။ တိုက္႐ိုက္ဗီဒီယိုထုတ္လႊင့္ေနခ်ိန္မွာ သူငယ္ခ်င္းေတြက ကိုယ့္ lip-sync လုပ္ေနတဲ့ အဆိုေတာ္နာမည္နဲ႔ သီခ်င္းကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ဆက္လက္ၿပီး Facebook Stories မွာ သီခ်င္းထည့္သြင္းႏိုင္မယ့္ option ေတြ အပါအဝင္ သီခ်င္းေပါင္းစပ္ထည့္သြင္းတဲ့ လုပ္ေဆာင္ခ်က္ စမ္းသပ္မႈေတြကို လအနည္းငယ္အတြင္း ျပဳလုပ္သြားမယ္လို႔ Facebook က ေျပာၾကားခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Facebook ဟာ ကုမ္ပဏီရဲ့ ပလက်ဖောင်းပေါ်မှာ သီချင်းတွေကို အသုံးပြုနိုင်စေမယ့် ကြီးမားတဲ့အပြောင်းအလဲနှစ်ခုကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေဟာ အခုအခါ မင်္ဂလာဆောင်နဲ့ မွေးနေ့တို့လို ကိုယ်ပိုင်ဗီဒီယိုတွေမှာ သီချင်းတွေထည့်သွင်းနိုင်တော့မှာဖြစ်သလို Lip Sync Live လို့ခေါ်တဲ့ feature သစ်အတွက်လည်း သီချင်းတွေကို ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်။

မတ်လ ၉ ရက်က Facebook ဟာ နာမည်ကျော် တေးဂီတကုမ္ပဏီသုံးခုနဲ့ သီချင်းအသုံးပြုခွင့်လိုင်စင် သဘောတူညီချက် ရရှိခဲ့တဲ့အတွက်ကြောင့် သုံးစွဲသူတွေက အခုလို feature တွေကို စတင်အသုံးပြုနိုင်လာတာ ဖြစ်ပါတယ်။ Facebook အနေနဲ့ သီချင်းမြောက်မြားစွာကို သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်ဗီဒီယိုတွေမှာ ထည့်သွင်းနိုင်မယ့် option တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ကမ႓ာတစ်ဝန်းဖြန့်ချိသွားဖို့ စီစဉ်ထားပေမယ့် ဖြန့်ချိမယ့်အချိန် အတိအကျကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် Facebook ဟာ Lip Sync Live လို့ခေါ်တဲ့ feature သစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ feature ဟာ Musical.ly နဲ့ Dubsmash တို့လို နာမည်ကျော် app တွေနဲ့ ဆင်တူပါတယ်။ Facebook ဟာ Lip Sync Live ကို ရွေးချယ်ထားတဲ့ စျေးကွက်အချို့မှာ စမ်းသပ်နေပါတယ်။ ဒီ feature မှာ Camila Cabello ရဲ့

“Havana နဲ့ Drake ရဲ့ “God’s Plan” လို နာမည်ကျော်သီချင်း အပါအဝင် သီချင်းရာပေါင်းများစွာကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် “With” option ပါဝင်တဲ့အတွက်ကြောင့် ဒီ feature ကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာ effect တွေကိုလည်း မတူညီတဲ့ နောက်ခံတွေနဲ့ အခြား တီထွင်ဆန်းသစ်တဲ့အရာတွေ ထည့်သွင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

သုံးစွဲသူအနေနဲ့ Lip Sync Live ကို အသုံးပြုနိုင်ပြီဆိုရင် Live video ကို နှိပ်လိုက်တဲ့အခါ option တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုရွေးပြီး lip-sync လုပ်နိုင်ပါတယ်။ တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်နေချိန်မှာ သူငယ်ချင်းတွေက ကိုယ့် lip-sync လုပ်နေတဲ့ အဆိုတော်နာမည်နဲ့ သီချင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး Facebook Stories မှာ သီချင်းထည့်သွင်းနိုင်မယ့် option တွေ အပါအဝင် သီချင်းပေါင်းစပ်ထည့်သွင်းတဲ့ လုပ်ဆောင်ချက် စမ်းသပ်မှုတွေကို လအနည်းငယ်အတွင်း ပြုလုပ်သွားမယ်လို့ Facebook က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge