MuseScore 3.0 ကို Ubuntu OS တွင် ထည့်သွင်းခြင်း
[ Zawgyi ]
-သီဟ
[ Unicode ]
MuseScore ဆိုတာကတော့ Ubuntu OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ ဂီတ note တွေကို ထည့်သွင်းပြီး အသုံးပြုနိုင်သလိုဂီတ note တွေကိုလည်း ရေးသားနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ MuseScore 3.0 ကို ထည့်သွင်း အသုံးပြုလိုသူတွေ အနေနဲ့ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။
Ubuntu OS မှာ MuseScore 3.0 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package
တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကိုCtrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။
ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
MuseScoure 3.0 ကို Ubuntu OS 16.04 နဲ့အထက်မှာ ထည့်သွင်းမယ်ဆိုရင် အသုံးပြု ရမယ့် command တွေကတော့ –
sudo add-apt-repository ppa:mscore-ubuntu/mscore-stable
sudo apt update &&sudo apt install musescore
ဆိ်ုတဲ့ command တွေကို ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါ
တည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။