Mumble ကို Ubuntu OS တွင်ထည့်သွင်းခြင်း

Mumble ဆိုတာကတော့ Ubuntu OS မှ ာထည့်သွင်းအသုံးပြုနိုင်မယ့် voice chat app တစ်ခုဖြစ်ပါတယ်။ အသံအရည် အသွေးကောင်းမွန်စွာနဲ့ သုံးစွဲနိုင်အောင် စီစဉ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ Mumble ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ပြီး ပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

Mumble ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:mumble/release

sudo apt-get update

sudo apt-get install mumble mumble-server

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံး မပြုလိုတော့လို့ ပြန်လည် ဖယ်ရှားချင်တယ်ဆိုရင်

sudo apt-get install ppa-purge && sudo ppa-purge ppa:mumble/release

sudo apt-get remove mumble mumble-server

ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««