Mulan ရုပ်ရှင် ရုံတင်မယ့်ရက်ကို Disney ထပ်မံရွှေ့ဆိုင်း

Disney ဟာ ဒီနှစ်ထဲမှာ Mulan ရုံတင်မယ့်ရက်ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ပါတတယ်။ Mulan ရုပ်ရှင် ပြသမယ့်ရက်ကို ဇူလိုင် ၂၄ ရက်ကနေ ဩဂုတ် ၂၁ ရက်အထိ ရွှေ့လိုက်ပါတယ်။ အလားတူပဲ Warner Bros. ကလည်း ခရစစ္စတိုဖာနိုလန်ရဲ့ Tenet ရုပ်ရှင် ပြသမှုကို ဒုတိယအကြိမ်ရွှေ့ဆိုင်းလိုက်ကာ ဇူလိုင် ၃၁ရက်ကနေ ဩဂုတ်လ ၁၂ရက်အထိ နောက်ဆုတ်လိုက်ပါတယ်။

Disney ဟာ ကပ်ရောဂါကာလအတွင်း အဓိကရုပ်ရှင်တစ်ခုကို ဖြန့်ချိတဲ့ ပထမဆုံးစတူဒီယို မဖြစ်ချင်ပါဘူး။ အခုကာလမှာ ရုံတွင်း လူဘယ်လောက်ဝင်မလဲဆိုတာကလည်း မသိနိုင်ပါဘူး။ Disney နဲ့ Warner Bros. တို့က အပြန်အလှန် အကဲခတ်နေကြပါတယ်။ ဈေးကွက်မှာ ဘီလျံဒေါ်လာပေါင်းများစွာတန်တဲ့ ရုပ်ရှင်တွေကို စမ်းသပ်ပြသလိုက်ရင် ကန့်သတ်မှု ဒါမှမဟုတ် ပရိသတ်မဝင်တဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေ ရှိလာနိုင်တာကြောင့် စတူဒီယို ၂ခုစလုံးကတော့ အစပြုဖို့ လက်ရွံ့နေပါတယ်။

Disney စီအီးအို ဘော့ပ်ချာပတ်ကလည်း Tenet ရုပ်ရှင်ကို ပြိုင်ဘက်အဖြစ် ရည်ညွှန်းပြီး ကုမ္ပဏီအမှုဆောင်တွေ ကြည့်ရှုဖို့ စီစဉ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Tenet ကိုစပြတဲ့အခါ အောင်မြင်ခဲ့ရင် Mulan ကိုလည်း ရုံတင်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ကယ်လို့ Tenet က မြှုပ်သွားရင်တော့ Mulan ကိုရွှေ့ဆိုင်းပါမယ်။

-စိုးထက်
Ref: TheVerge