Mulan ဇာတ်ကားအပေါ် သပိတ်မှောက်မယ့် လှုံ့ဆော်မှုတွေ ထွက်ပေါ်လာ

Disney ရဲ့ live-action ဇာတ်ကား Mulan ဟာ Disney Plus မှာထွက်ရှိပြီးနောက် ရုပ်ရှင်အပေါ် သပိတ်မှောက် တောင်းဆိုသံတွေ ထွက်လာပါတယ်။

စက်တင်ဘာ ၄ ရက် Mulan ဇာတ်ကား ထွက်ရှိအပြီး Twitter ပေါ်မှာ #BoycottMulan ဆိုတဲ့ hashtag ကတော့ ရေပန်းစားလာပါတယ်။ Mulan ဇာတ်ကားအပေါ် ဆန္ဒပြသမှုက ၂၀၁၉ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေတယ်လို့ Vulture ကဖော်ပြခဲ့ပါတယ်။ Mulan သရုပ်ဆောင် လူယီဖေးဟာ အဲဒီအချိန်က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် ဆန္ဒပြသမှုအတွင်း ရဲအရာရှိတွေအပေါ် ထောက်ခံတဲ့ မှတ်ချက်ပြုလုပ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ နေထိုင်သူတွေက ပြစ်မှုကျူးလွန်ထားတဲ့ နိုင်ငံသားတွေကို တရုတ်ပြည်မကြီးဆီ ပြန်ပို့တဲ့ ပေါ်လစီအပေါ် မကျေနပ်လို့ ဆန္ဒပြသခဲ့ပါတယ်။

အဲဒီအချိန်မှာ လူယီဖေးက Weibo မှာ “ကျွန်မ ဟောင်ကောင်ရဲတွေကို ထောက်ခံပါတယ်။ ကျွန်မကိုလည်း ရိုက်နိုင်တယ်” လို့တင်ခဲ့ပါတယ်။ ဒါ့အပြင် သူမက Weibo မှာ “ဟောင်ကောင်အတွက် အရှက်ရဖွယ်ကိစ္စ” လို့ အင်္ဂလိပ်လိုလည်း ရေးသားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ လုယီဖေးဟာ The Hollywood Reporter နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ မှတ်ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

“အခြေအနေတွေက အလွန်ရှုပ်ထွေးနေပါတယ်။ ကျွန်မကလည်း ကျွမ်းကျင်သူ မဟုတ်ပါဘူး။ အဲဒီ ပြဿနာ အမြန် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ အလွန် အထိအခိုက်မခံတဲ့ အခြေအနေလို့ ကျွန်မထင်တယ်” လို့ ပြောခဲ့ပါတယ်။

Disney Studios ဥက္ကဋ္ဌ အလန်ဟွန်းကတော့ လုယီဖေးရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး “ကုမ္ပဏီအနေနဲ့ ဒီလိုကိစ္စနဲ့ ကြုံလာရင် နိုင်ငံရေးမပတ်သက်ဘဲ ကင်းရှင်းဖို့ ကြိုးစားပါတယ်” လို့ Disney လို့ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««