MSI Summit E15 A11SCST

ပါးပါးလွှာလွှာရှိတဲ့ Laptop ကိုအသုံးပြုပြီး Application နဲ့ Game အမြင့် အသုံးပြုချင်၊ ဆော့ချင်တဲ့သူတွေ အတွက် သီးသန့် Graphic Card ဖြစ်တဲ့ GTX1650 Ti GDDR6 4GB ထည့်သွင်းအသုံးပြုထားတဲ့ MSI Summit E15 A11SCST ဖြစ်ပါတယ်။ MobileMark 2014 Software နဲ့ တိုင်းတာမှုအရ Super Battery Mode မှာ Battery Life 16hr+ ရရှိတဲ့အတွက် ခရီးသွားတဲ့ အခါတွေမှာတောင် စိတ်ပူစရာ မလိုဘူးလို့ သိရပါတယ်။ 11th Gen ဖြစ်တဲ့ Tiger Lake i7-1185G7 Processor (12MB Cache, up to 4.8GHz)CPU နဲ့ Graphic အတွက် Intel UHD Graphics တွေထက် ၄.၅ ဆ မြန်တဲ့ Intel Iris Xe Graphics GTX1650 Ti Max-Q GDDR6 4GB ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ DDR4 16GB RAM (3200MHz) အထိ ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်သိမ်းဆည်းဖို့နဲ့ OS အတွက် 512GB NVMe PCIe Gen3x4 SSD ထောက်ပံ့ပေးထားပါတယ်။

Storage အတွက် PCIe Gen 4 ကို အထောက်အပံ့ပေးနိုင်ပါတယ်။ OS အတွက်ကတော့ Windows 10 Home ဖြစ်ပါတယ်။ ၁၅.၆ လက်မအရွယ် FHD (1920*1080), 60Hz 72%NTSC Finger Touch panel display ထည့်သွင်းပေးထားလို့ Fast-scrolling, Pinch-to-Zoom လို Function မျိုးတွေကို လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားသော စနစ်တွေ အနေနဲ့ 802.11 ax Wi-Fi 6 + Bluetooth v5.1, IR HD type (30fps@720p), Mic-in/Headphone-out Combo Jack, Micro SD, (4K @ 60Hz) HDMI, Type-A USB3.2 Gen2, Type-C (USB4 / DP / Thunderbolt™4) with PD charging စတာတွေ ထောက်ပံ့ပေးထားပါတယ် ။ Air Gaming Backpack နဲ Year Parts/Service Warranty ပါဝင်မှာပါ။

အမေရိကန်ဒေါ်လာ ၁၅၅၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ MAT Computer System (မန်း ) ဖုန်း – ၀၉၄၃၀၅၉၈၁၄ ၊ ၀၉-၂၅၆၃၇၇၂၄၂ (မုံရွာ) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««