msi Prestige 14 A10 SC Laptop

msi Prestige 14 A10 SC laptop မှာ 10 th Generation Core i7-10710U (6 Core/12 Threads) Processor နဲ့ ဂရပ်ဖစ်ပိုင်းအတွက် Nvidia ရဲ့နောက်ဆုံးပေါ်Geforce GTX 1650 (Max-Q), 4GB GDDR5 တို့ ထည့်သွင်း အသုံးပြုထားပါတယ်။ Operating System ကို official License Windows 10 Home ထည့်သွင်း အသုံးပြုထားပါတယ်။

မျက်နှာပြင်အရွယ်အစားက ၁၄ လက်မအရွယ် FHD (1920×1080) ဖြစ်ပြီး Creator တွေ အတွက် အရောင်မှားတဲ့ပြဿနာတွေ မရှိစေတော့မယ့် ၁၀၀ ရာခိုင်နှုန်းRGB/Adobe RGB Display ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ DDR4 16 GB RAM နဲ့အတူ Process တိုင်းကို မြန်မြန်လုပ်နိုင်မယ့် 512 GB M.2 NVMe SSD ပါရှိပါတယ်။ keyboard ကိုတော့ Single backlight keyboard (White) တပ်ဆင်ပေးထားပါတယ်။ ၁၀ နာရီကနေ ၁၆ နာရီအထိ အသုံးခံတဲ့ ဘက်ထရီကို အသုံးပြုထားတာဖြစ်ပါတယ်။

Thunderbolt ပါဝင်ပြီး Type-C နဲ့တွဲသုံးလို့ရတဲ့ Power Bank နဲ့ အားပြန်သွင်းလို့ရမှာဖြစ်ပါတယ်။ Finger Print Scanner, Laptop ရဲ့ CPU/GPU Performance တွေကို ထိန်းချုပ်နိုင်မယ့် High Performance/ Balanced/Silent/ Super Battery စတဲ့ Mode လေးမျိုး ပြောင်းလို့ရမယ့် MSI Creator Center, အပြင်လောကနဲ့ အရောင်တစ်သားတည်းကျနေအောင်မြင်ရမယ့် True Color Technology အစရှိတဲ့ နည်းပညာတွေပါရှိပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၁၂၉၉ ဖြစ်ပြီး Royal Smart Co.,Ltd ကနေ တင်သွင်းဖြန့်ချိတာဖြစ်ပါတယ်။

-သန္တာ