MSI Myanmar မှ Content- Creation Laptop များကို မိတ်ဆက်

MSI Myanmar မှ Content Creation series Laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။

MSI ရဲ့ Content- Creation Laptop တွေမှာနောက်ဆုံးပေါ် 10th generation intel processor တွေနဲ့ Nvidia ရဲ့ Geforce GPU တွေကို အသုံးပြုထားပြီး CREATOR, PRESTIGE & MODERN ဆိုပြီး အမျိုးအစား (၃) ခုရှိမှာဖြစ်ပါတယ်။

MSI Content Creation Line-up ရဲ့ Prestige Series မှာ Prestige 14 နှင့် 15 ဟူ၍နှစ်မျိုးရှိပြီး 10th generation Core i7 processor နဲ့ Nvidia Geforce GTX 1650 (MAX-Q Design) တို့ကို အသုံးပြုထားပါတယ်။ Prestige Laptop တွေကို စီးပွား ရေးလုပ်ငန်းရှင်တွေ၊ ပေ့ါပေါ့ပါး ပါး စတိုင်ကျကျနဲ့ ကိုင်ချင်တဲ့သူ တွေ၊ Photo & video editor တွေကို ရည်ရွယ်ထုတ်လုပ်ထား တာဖြစ်တယ်လို့သိရပါတယ်။ U-series အမျိုးအစား processor တွေမှာ ပထမဆုံးအ နေနဲ့ 6-core နဲ့ 12 thread ပါဝင် လာတဲ့ intel core i7-10710U အသုံးပြုပေးထားပြီး Intel ရဲ့ 10th generation Laptop U-series processor တွေမှာ core နဲ့ thread အရေအတွက် အများဆုံး processor ဖြစ်ပါ တယ်။ Nvidia ရဲ့ နောက်ဆုံးပေါ် 16th series GPU ကို အသုံးပြု ပေးထားတဲ့အတွက် 4K video Editing ကိုအထစ်အငေါ့မရှိ အ ဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အရောင်အမှန်ကို ရစေဖို့အတွက်လည်း Adobe RGB နဲ့ sRGB ကို ၁၀၀ ရာ ခိုင်နှုန်းအပြည့် ရရှိနိုင်မယ့် 4K နဲ့ 1080p Full HD display တွေကို အသုံးပြုပေးထားပါတယ်။

Prestige 14 က battery life ၁၀ နာရီ၊ Prestige 15 က ၁၆ နာရီအထိခံပါတယ်။ Prestige 14 ရော 15 မှာပါ Thunderbolt Type.C port 2 port ပါဝင်ပြီး Type.C port ကနေပါ အားသွင်း နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး ပေါ် Wifi-6 နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။Prestige 15 က Carbon Gray တစ်ရောင် တည်းရရှိမှာဖြစ်ပြီး compact ဖြစ်တဲ့ prestige 14 ကတော့ Carbon gray နဲ့ Mineral white နှစ်ရောင်အပြင် rose pink edition ကိုပါ ရရှိနိုင်မှာ ဖြစ်ပါ တယ်။ Rose Pink edition မှာဆိုရင် Pink sleeve, pink dragon, pink mouse တို့ ပါဝင် တဲ့ $80 တန် bundle ကိုပါ ရရှိ မှာ ဖြစ်ပါတယ်။

နောက်ထပ် မော်ဒယ်တစ်ခု ဖြစ်တဲ့ MSI Modern 14 ကတော့ စီးပွားရေးလုပ် ငန်းရှင်တွေ၊ ပေါ့ပေါ့ပါးပါး စတိုင် ကျကျနဲ့ ကိုင်ချင်တဲ့သူတွေ၊ Photo& video editor တွေအ တွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပြီပြီး 10th generation intel core i7 /i5 processor တွေနဲ့ Nvidia Geforce MX 250 GPU တို့ကို အသုံးပြုထားပါတယ်။ အ လေးချိန်အနေနဲ့ကတော့ 1.19kg ရှိပြီး Prestige မှာ ပါဝင် တဲ့ MSI ရဲ့ ကိုယ်ပိုင်နည်းပညာ တွေဖြစ်တဲ့ Creator Center, True-color technology နဲ့ True Pixel Display တွေ ပါဝင်မှာ ဖြစ် ပါတယ်။ 5.7 mm ပဲ အထူရှိတဲ့ ဘေးဘောင်တွေကြောင့် Screen to body ratio က ၈၀ ရာခိုင်နှုန်း ရှိလာပြီး 100% adobe RGB ရရှိမယ့် IPS display ကို အသုံးပြုထားပါ တယ်။ Battery Life အနေနဲ့က လည်း အသုံးပြုတဲ့အခြေအနေ ပေါ် မူတည်ပြီး ၇ နာရီကနေ ၁၁ နာရီအထက် ရရှိနိုင်မှာ ဖြစ်ပါ တယ်။ Cooling ပိုင်းမှာလည်း cooler boost 3 (2 fan, 3 heat Pipe) design ကို အသုံးပြုပေး ထားပါတယ်။

-အောင်သူ