MSI IMMERSE GH61 Headset

Gamer တွေအတွက် သီးသန့်ထုတ်ထားတဲ့ MSI IMMERSE GH61 မော်ဒယ် Headset ဖြစ်ပါတယ်။ 7.1 surround system အသံထွက်စနစ်ကြောင့် အသံထွက်အရည်အသွေးကို မြင့်မားစွာ ရရှိစေမှာ ဖြစ်ပါတယ်။ ESS Sabre DAC & AMP စနစ်တွေ ထောက်ပံ့ပါဝင်တာကြောင့် ကစားနေစဉ်အတွင်းမှာလည်း အသံထွက်တွေက အသေးစိတ် ရရှိခံစားစေမှာဖြစ်ပြီး မှန်ကန်တဲ့ အသံတွေကို ရရှိစေမှာဖြစ်ပါတယ်။ အသံထွက် ထစ်ငေ့ါခြင်း၊ နောက်ကျခြင်းမရှိလဲ USB နဲ့ 3.5mm နှစ်မျိုးစလုံးနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ MIC ထောက်ပံ့ပေးထားတဲ့အတွက် ဂိမ်းကစားသူအချင်းချင်း ဆက်သွယ်စကားပြောသံတွေကို အရည်အသွေးမြင့်မြင့် အသုံးချနိုင်မှာလည်း ဖြစ်ပါတယ်။

အနောက်က ဆူညံသံတွေမပါဘဲ ကိုယ့်အသံကိုပဲ တစ်ဖက်ကလူက ကြည်ကြည်လင်လင် ကြားရအောင်လုပ်ပေးနိုင်ပါတယ်။ USB ရော 3.5mm ပါထောက်ပံ့ပေးထားတဲ့အတွက် PC, Laptop တွေမှာသာမကဘဲ MacOS, Windows OS တွေအပြင် PS4, PS5, Xbox, Nintendo Switch စတာတွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Driver Size က 40mm အရွယ်ရှိပြီး အပြင်အသံတွေရဲ့ ဆူညံသံတွေကင်းဝေးအောင် နားအုပ်ထူထူ ပြုလုပ်ပေးထားပါတယ်။ အသံထွက်အနေနဲ့ Impedance: 30 32 Ω (1 kHz) အထိ ရရှိမှာ ဖြစ်ပါတယ်။ Frequency Response- 20-40.000Hz, Sensitivity- 107 dB ,Microphone Frequency Response- 100-10.000Hz နဲ့ Sensitivity- 38dB ရရှိမှာဖြစ်ပါတယ်။ အပြင်သွားရင် Headset ကို သယ်ဆောင်သွားဖို့ ဘူးပါ ပါဝင်ပါတယ်။

MSI Gaming ဖုန်း – ၀၉ ၄၄၃၀ ၂၀၉၈၁ ကနေ တရားဝင်တင်သွင်းပြီး မြန်မာပြည်အရပ်ရပ်ရှိ IT အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««