MPU ကတ္အား မွ်ေဝသံုးစြဲျခင္း အသိပညာေပးရန္လို

[ Zawgyi ]

Myanmar Payment Union ကတ္ေတြကို တစ္ေယာက္ထက္ပိုၿပီး မွ်ေဝသံုးစြဲေနတာမ်ိဳးေတြရွိတာေၾကာင္း၊ အဲဒါကိုဆင္ျခင္ဖို႔ လိုအပ္ေၾကာင္း MPU ရဲ႕ CEO ဦးေဇာ္လင္းထြဋ္က ေျပာပါတယ္။

“ကတ္တစ္ခုတည္းကို သူငယ္ခ်င္းေတြ လင္မယားေတြ မွ်သံုးၾကတာရွိတယ္၊ ေကာင္းေနတုန္းက ဘာမွမျဖစ္ဘူး ။ ျပသနာျဖစ္တဲ့ အခါက်ရင္ တိုင္ပတ္ေတာ့တာပဲ၊ အမွန္တကယ္ဆိုတာေတာ့ လွ်ိဳ႕ဝွက္နံပါတ္ဆိုတာက ကိုယ္တိုင္ထိန္းသိမ္း အသံုးျပဳရမွာျဖစ္တယ္၊ ကိုယ့္တာဝန္ျဖစ္တယ္” လို႔သူ ကေျပာပါတယ္။ ကတ္နံပါတ္နဲ႔ Password ကို တစ္ဦးတည္းသာ သုံးသင့္ေၾကာင္း၊ မိမိရဲ႕ဘဏ္ ကတ္နံပါတ္နဲ႔ အျခားကိုယ္ေရး အခ်က္အလက္ေတြကို ေမးျမန္းလာပါက အလြယ္တကူ မေျဖၾကားမိဖို႔ အထူးဂရုစုိက္သင့္ေၾကာင္း၊ သက္ဆိုင္ရာဘဏ္မွေပးပို႔တဲ့ ဘဏ္စာရင္းရွင္းတမ္း၊ အျခားေသာ စာရြက္စာတမ္းေတြကို ေသခ်ာစြာသိမ္းဆည္းထားဖို႔နဲ႔ အသံုးမလိုေတာ့တဲ့ စာရြက္စာတမ္းေတြကို ေသခ်ာစြာ ဆုတ္ၿဖဲစြန္႔ပစ္သင့္ေၾကာင္း အစရွိသည္ျဖင့္ MPU က အႀကံဳျပဳထားတာ ေတြ႔ရပါတယ္။

“Payment ကတ္ေတြစတဲ့အခါမွာ အရမ္း လံုၿခံဳမယ္၊ ပိုက္ဆံေပ်ာက္သြားမွာ မပူရေတာ့ဘူးဆို ၿပီးေျပာတယ္၊ တကယ့္တကယ္ ကတ္ေပ်ာက္သြားတဲ့အခါ password က ကတ္ေနာက္ဖက္မွာ ေရးထားတာမ်ိဳးေတြရွိတယ္၊ ဘာလို႔လည္းဆိုေတာ့ ေမ့သြားမွာစိုးလို႔တဲ့၊ ကြ်န္ေတာ္တို႔လည္း ေတာ္ေတာ္ေလးကို အသိပညာေပးဖို႔ လိုပါတယ္” လို႔ဆိုပါတယ္။

-ထြန္းထြန္း

[ Unicode ]

Myanmar Payment Union ကတ်တွေကို တစ်ယောက်ထက်ပိုပြီး မျှဝေသုံးစွဲနေတာမျိုးတွေရှိတာကြောင်း၊ အဲဒါကိုဆင်ခြင်ဖို့ လိုအပ်ကြောင်း MPU ရဲ့ CEO ဦးဇော်လင်းထွဋ်က ပြောပါတယ်။

“ကတ်တစ်ခုတည်းကို သူငယ်ချင်းတွေ လင်မယားတွေ မျှသုံးကြတာရှိတယ်၊ ကောင်းနေတုန်းက ဘာမှမဖြစ်ဘူး ။ ပြသနာဖြစ်တဲ့ အခါကျရင် တိုင်ပတ်တော့တာပဲ၊ အမှန်တကယ်ဆိုတာတော့ လျှို့ဝှက်နံပါတ်ဆိုတာက ကိုယ်တိုင်ထိန်းသိမ်း အသုံးပြုရမှာဖြစ်တယ်၊ ကိုယ့်တာဝန်ဖြစ်တယ်” လို့သူ ကပြောပါတယ်။ ကတ်နံပါတ်နဲ့ Password ကို တစ်ဦးတည်းသာ သုံးသင့်ကြောင်း၊ မိမိရဲ့ဘဏ် ကတ်နံပါတ်နဲ့ အခြားကိုယ်ရေး အချက်အလက်တွေကို မေးမြန်းလာပါက အလွယ်တကူ မဖြေကြားမိဖို့ အထူးဂရုစိုက်သင့်ကြောင်း၊ သက်ဆိုင်ရာဘဏ်မှပေးပို့တဲ့ ဘဏ်စာရင်းရှင်းတမ်း၊ အခြားသော စာရွက်စာတမ်းတွေကို သေချာစွာသိမ်းဆည်းထားဖို့နဲ့ အသုံးမလိုတော့တဲ့ စာရွက်စာတမ်းတွေကို သေချာစွာ ဆုတ်ဖြဲစွန့်ပစ်သင့်ကြောင်း အစရှိသည်ဖြင့် MPU က အကြုံပြုထားတာ တွေ့ရပါတယ်။

“Payment ကတ်တွေစတဲ့အခါမှာ အရမ်း လုံခြံုမယ်၊ ပိုက်ဆံပျောက်သွားမှာ မပူရတော့ဘူးဆို ပြီးပြောတယ်၊ တကယ့်တကယ် ကတ်ပျောက်သွားတဲ့အခါ password က ကတ်နောက်ဖက်မှာ ရေးထားတာမျိုးတွေရှိတယ်၊ ဘာလို့လည်းဆိုတော့ မေ့သွားမှာစိုးလို့တဲ့၊ ကျွန်တော်တို့လည်း တော်တော်လေးကို အသိပညာပေးဖို့ လိုပါတယ်” လို့ဆိုပါတယ်။

-ထွန်းထွန်း