MPU အသုံးပြုသူပေါင်း လေးသန်းကျော်ရှိလာ

Myanmar Payment Union အသုံးပြုသူပေါင်း လေးသန်းကျော် ရှိလာပြီလို့ သိရပါတယ်။

လက်ရှိမှာ ကတ်အရေအတွက် aလးသန်းကျော်ရှိလာပြီး အကြွေးဝယ်ကတ် (Credit card) အသုံးပြုသူပေါင်း သုံးသောင်းကျော်၊ Co brand ကတ်ပေါင်း ရှစ်သောင်းကျော် ရှိပြီဖြစ်တယ်လို့ MPU ရဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ MPU နဲ့ထုတ်နိုင်တဲ့ ATM စက်ပေါင်း ၈၃၀၀၀ ကျော်၊ POS (point of sale) ပေါင်း တစ်သောင်းခွဲဝန်းကျင်နဲ့ eCommerce ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်ရှိသွားပြီလို့ MPU ရဲ့နှစ်ပတ်လည် အစည်းအဝေးကနေ သိရပါတယ်။

အဲဒီကတ်တွေကို အသုံးပြုပြီး ကားလက်မှတ်အတွက် ငွေပေးချေတာ၊ ဟိုတယ်တည်းခိုခ ပေးချေတာတွေအတွက်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ MPU ရဲ့အဖွဲ့ဝင် ဘဏ်တွေကနေ ထုတ်ဝေထားတဲ့ MPU Logo ပါတဲ့ ကတ်တွေ MPU-UPI Co-Brand Card တွေ၊ MPU-JCB Co-Brand Card တွေနဲ့ MPU နဲ့ ချိတ်ဆက်ထားတဲ့ဆိုင်တွေ၊ MPU Logo နဲ့ MPU Stand ထားရှိထားတဲ့ ဆိုင်တွေမှာ ဈေးဝယ်ပေးချေနိုင်မှာ ဖြစ်ပါတယ်။

MPU ကတ်တွေကို ဆိုင်တွေရဲ့ POS( Point of sale) မှတစ်ဆင့် ပေးချေနိုင်တာဖြစ်ပြီး ချိတ်ဆက်ထားသော ဘဏ်တွေရဲ့ ကွန်ရက်အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ MPU (Myanmar Pay Union) ကွန်ရက်မှာ ဘဏ်ပေါင်း ၂၀ ကျော်ပါဝင်ပါတယ်။

-ထွန်းထွန်း