MPU မှ မာရသွန်ပြိုင်ပွဲပြုလုပ်မည်

Myanmar Payment Union ကနေ MPU Peace Marathon Run 2018 အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက် တနင်္ဂနွေနေ့ မှာ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပြိုင်ပွဲအမျိုးအစားတွေအနေနဲ့ ၁၀ ကီလိုမီတာ၊ ၅ ကီလိုမီတာ၊ ၃ ကီလိုမီတာ တို့ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ၊ အားကစားလှုပ်ရှားမှု ဝါသနာ ပါသူတွေမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ လက်မှတ်တွေကို ၂၈.၁၁.၂၀၁၇ ကနေ ၃၁.၁၂.၂၀၁၇. အထိ ရန်ကုန်မြို့ရဲ့ဈေးဝယ်စင်တာတွေမှာ စတင်ရောင်းချ ပေးသွားမှာဖြစ် ကြောင်းသိရပါတယ်။

အဲဒီအခမ်းအနားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကို Myanmar Payment Union (MPU) Facebook Page ကနေတစ်ဆင့် ကြေညာပေးသွားမယ်လို့ ပြောကြားထားပါတယ်။

-ထွန်းထွန်း