MPT4U App မှတစ်ဆင့် ဒေတာအခမဲ့ဂိမ်းကစားရင် ဆုလက်ဆောင်များ ရယူနိုင်မည်

MPT မှ MPT4U App သုံးစွဲသူများအတွက် အထူးဂိမ်းဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ MPT သုံးစွဲသူတွေအနေနဲ့ မည်သည့်ဒေတာအခကြေးငွေမျှ ပေးဆောင်စရာ မလိုဘဲ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာတွေနဲ့ စွဲမက်ဖွယ် ဂိမ်းကစားနည်းအတွေ့အကြုံတွေကို ရယူခံစားနိုင်မယ်လို့ သိရပါတယ်။ MPT သုံးစွဲသူတွေအနေနဲ့ MPT4U App အတွင်းသို့ အလွယ်တကူ ဝင်ရောက်ကာ အခမဲ့ဂိမ်းတွေနဲ့ ဝင်ကြေးပေးရတဲ့ ဂိမ်းတွေမှာ ပါဝင်ကစားနိုင်မှာဖြစ်ပြီး အခမဲ့ဂိမ်းတွေနဲ့ ဝင်ကြေးပေးရတဲ့ ဂိမ်းတွေမှာ ဝင်ရောက်ကစားသူတွေဟာ မိုဘိုင်းဒေတာအပိုဆုတွေနဲ့ MPT ငွေဖြည့်ကုတ်နံပါတ်များကဲ့သို့ အခြားသောဆုမဲပေါင်းများစွာကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂိမ်းကစားသူတွေအနေနဲ့ ဂိမ်းပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး ကစားသမားတွေရဲ့ ရမှတ်များပေါ်မူတည်ပြီး အဆင့်သတ်မှတ်ချက်အတိုင်း ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ချ် (SMS) အစရှိတဲ့ ဆုတွေအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများ စတဲ့ ဆုလက်ဆောင်တွေကိုလည်း ရယူနိုင်မယ်လို့ သိရပါတယ်။

MPT သုံးစွဲသူတွေအနေနဲ့ MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့် အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်မှလည်း တိုက်ရိုက်ရှာဖွေကာ ရယူနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««