MPT4U သုံးစွဲသူ (၁၄) သန်းပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်လိုက်သည့် အထူးအစီအစဉ်

MPT မှ MPT4U app သုံးစွဲသူ (၁၄) သန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ကံထူးရှင် (၁၄) ဦးအတွက် အထူးဆုအဖြစ် MPT Money ပိုက်ဆံ (၁၀) သိန်းနဲ့ ဒေတာလက်ဆောင်ပေါင်း များစွာကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

သြဂုတ် ၁၈ ရက် မှ စက်တင်ဘာ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်လိုသူတွေအနေနဲ့ MPT4U app မှာ ဝှက်ထားတဲ့ စာလုံး (၃) လုံးကို ရှာဖွေရမှာဖြစ်ပြီး တွေ့ရှိပါက MPT4U app ရဲ့ ပင်မစာမျက်နှာသို့ သွားရောက်ကာ Promotion Banner ကို နှိပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ စာလုံးတွေကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဝှက်ထားတဲ့ စာလုံး (၃) လုံးကို မှန်ကန်စွာရှာဖွေတွေ့ရှိပြီး ဖြည့်သွင်းပေးပို့သူတွေအနေနဲ့ ကံထူးရှင် (၁) ဦးလျှင် MPT Money ပိုက်ဆံ (၁၀) သိန်း ၁၄ ဆု၊ ကံထူးရှင် (၁) ဦးလျှင် မိုဘိုင်းဒေတာ 10 GB ၁၀၀ ဆု၊ ကံထူးရှင် (၁) ဦးလျှင် မိုဘိုင်းဒေတာ 5 GB ၅၀၀ ဆု၊ ကံထူးရှင် (၁) ဦးလျှင် မိုဘိုင်းဒေတာ 1 GB ၁၀၀၀ ဆု စုစုပေါင်း ဆုအရေအတွက် ၁,၆၁၄ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ကံထူးသူတွေကို စက်တင်ဘာလ တတိယအပတ်အတွင်း ရွေးချယ်ကြေညာပေးသွားမှာဖြစ်ပြီး MPT Money မှ ငွေသားဆု ရရှိသူတွေကို အထူးဆု ပေးအပ်ချီးမြှင့်ဖို့အတွက် MPT မှ ဆက်သွယ် အကြောင်းကြားသွားမယ်လို့ သိရပါတယ်။

-အောင်သူ