MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု အသစ်ကို စတင်မိတ်ဆက်

MPT မှ GGI Nippon Life နဲ့ AYA SOMPO အာမခံကုမ္ပဏီတို့ဖြင့် ပူးပေါင်းပြီး MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့ ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုမှာ ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနဲ့ မတော်တဆမှုတွေကြောင့် ဖြစ်ပွားတဲ့ အသက်နဲ့ ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုတွေ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ စရိတ်လိုအပ်ချက်တွေကို ပံ့ပိုးပေးမယ့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှု ဖြစ်ပါတယ်။

MPT အနေနဲ့ GGI Nippon Life နဲ့ပူးပေါင်းပြီး “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံနဲ့ ပူးပေါင်းပြီး “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စတဲ့ အာမခံ (၂) မျိုးကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ အာမခံဝန်ဆောင်မှု နှစ်မျိုးကို MPT4U App , MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူရဲ့ မိုဘိုင်းဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေနဲ့ လွယ်ကူစွာ ပေးချေနိုင်မှာဖြစ်ပါတယ်။ အာမခံဝန်ဆောင်မှုတွေကို အောက်တိုဘာ ၁၈ ရက်နဲ့ နိုဝင်ဘာ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်တွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

MPT သုံးစွဲသူများအားလုံး အနေနဲ့ MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် MPT သုံးစွဲသူတွေ အနေနဲ့ MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်တဲ့အပြင် iOS နဲ့ Android ဗားရှင်းများ အတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါတယ်။

“MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံ သိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်တဲ့
www.facebook.com/mptofficialpage နဲ့ MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ http://bit.ly/U-life-MM မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««