MPT Social Pack ႏႈန္းထားေျပာင္းလဲ

[ Zawgyi ]

ဆိုရွယ္မီဒီယာ အသံုးျပဳသူေတြအတြက္ Social Pack ႏႈန္းထားကို MPT ကေျပာင္းလဲလိုက္ ေၾကာင္းသိရပါတယ္။

Facebook, Messenger, Viber, Instagram အသံုးျပဳသူေတြအတြက္ အနည္းဆံုး 190MB ကို ၁၉၉ က်ပ္နဲ႔၀ယ္ယူႏိုင္မွာျဖစ္ကာ အနည္းဆံုး ႏွစ္ရက္အတြင္း အသံုးျပဳႏိုင္မွာ ျဖစ္တယ္လို႔သိရပါတယ္။ ၇ ရက္စာအသံုးျပဳျခင္းအတြက္ ၉၉၉ က်ပ္ က်သင့္မွာျဖစ္ကာ ေဒတာ 950 MB ရရွိမွာျဖစ္ပါတယ္။ ရက္ ၃၀ စာ Package အသံုးျပဳျခင္းအတြက္ ၂,၉၉၉ က်ပ္က်သင့့္ကာ စုစုေပါင္း ေဒတာ 2850 MB အထိရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။ “ျမန္မာႏိုင္ငံရဲ႕ ဆိုရွယ္မီဒီယာသံုးစြဲသူ ပမာဏက တစ္ေန႔ထက္တစ္ေန႔ တိုးျမင့္လာေနပါတယ္၊ သံုးစြဲသူေတြ ကိုက္ညီတဲ့အရာေတြ၊ လူႀကိဳက္မ်ားတဲ့က႑ေတြကို စိတ္၀င္တစားအသံုးျပဳမႈအေပၚ လိုက္ၿပီး ေကာင္းမြန္တဲ့ ဝန္ေဆာင္မႈေတြကို ေပးဖို႔ေဆာင္ရြက္ေနပါတယ္” လို႔ MPT-KSGM Joint Operations ရဲ႕ စီးပြားေရးဌာနႀကီးက အရာရွိခ်ဳပ္ျဖစ္သူ Mr. Reizo Umeda ကေျပာၾကားခဲ့ပါတယ္။

(၂) ရက္စာ Package ကို အသံုးျပဳလိုသူေတြအတြက္ *3001# ကိုလည္းေကာင္း၊ (၇) ရက္ စာPackage အတြက္ *3002# ကိုလည္းေကာင္း၊ ရက္ (၃၀) စာ Social Package အတြက္ *3003# ကိုလည္းေကာင္းေခၚယူကာ ဝန္ေဆာင္မႈရယူႏိုင္တယ္လို႔ ဆိုပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် Social Pack နှုန်းထားကို MPT ကပြောင်းလဲလိုက် ကြောင်းသိရပါတယ်။

Facebook, Messenger, Viber, Instagram အသုံးပြုသူတွေအတွက် အနည်းဆုံး 190MB ကို ၁၉၉ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ကာ အနည်းဆုံး နှစ်ရက်အတွင်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ရ ရက်စာအသုံးပြုခြင်းအတွက် ၉၉၉ ကျပ် ကျသင့်မှာဖြစ်ကာ ဒေတာ 950 MB ရရှိမှာဖြစ်ပါတယ်။ ရက် ၃၀ စာ Package အသုံးပြုခြင်းအတွက် ၂,၉၉၉ ကျပ်ကျသင့့်ကာ စုစုပေါင်း ဒေတာ 2850 MB အထိရရှိမှာဖြစ်ကြောင်း သိရပါတယ်။ “မြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူ ပမာဏက တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာနေပါတယ်၊ သုံးစွဲသူတွေ ကိုက်ညီတဲ့အရာတွေ၊ လူကြိုက်များတဲ့ကဏ္ဍတွေကို စိတ်ဝင်တစားအသုံးပြုမှုအပေါ် လိုက်ပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးဖို့ဆောင်ရွက်နေပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ စီးပွားရေးဌာနကြီးက အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda ကပြောကြားခဲ့ပါတယ်။

(၂) ရက်စာ Package ကို အသုံးပြုလိုသူတွေအတွက် *3001# ကိုလည်းကောင်း၊ (၇) ရက် စာPackage အတွက် *3002# ကိုလည်းကောင်း၊ ရက် (၃၀) စာ Social Package အတွက် *3003# ကိုလည်းကောင်းခေါ်ယူကာ ဝန်ဆောင်မှုရယူနိုင်တယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း