MPT Money ငွေဖြည့်သွင်းခြင်းကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်

လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် နေအိမ်တွင် ဆက်လက်နေထိုင်ရစဉ်ကာလအတွင်း အတွေ့အကြုံကောင်းများ ရရှိနိုင်စေဖို့ ရည်ရွယ်ပြီး MPT Money မှ CB ဘဏ်၊ ဧရာဝတီဘဏ်တို့နဲ့ ပူးပေါင်းပြီး အွန်လိုင်းမှ တစ်ဆင့် ငွေဖြည့် ဝန်ဆောင်မှုကို စတင်လိုက်တယ်လို့ သိရပါတယ်။
CB ဘဏ် နှင့် ဧရာဝတီဘဏ် အသုံးပြုသူတွေအနေနဲ့ အဆင့်အနည်းငယ်ပြုလုပ်ရုံဖြင့် MPT Money ရဲ့ E-Wallets အကောင့်အတွင်း ငွေဖြည့်သွင်းခြင်းကို ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ ငွေဖြည့်ဝန်ဆောင်မှုအသစ်ကို အသုံးပြုလိုတဲ့ သုံးစွဲသူတွေအနေနဲ့ ပထမဆုံး MPT Money အကောင့်ကို ဖွင့်ရမှာဖြစ်ပါတယ်။ MPT Money အက်ပလီကေးရှင်းကို မည်သည့်မိုဘိုင်းကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပြီး Android အသုံးပြုသူတွေအနေနဲ့ http://bit.ly/MPTMoneyAndroid နဲ့ iOS အသုံးပြုသူတွေအနေနဲ့ http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူနိုင်မှာဖြစ်ပါတယ်။
ဧရာဝတီဘဏ်ရဲ့ AYA M-Banking , AYA iBanking , AYA Mobile Banking 2.0 နဲ့ CB ဘဏ်ရဲ့ CB Pay ဝန်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ အဆင့်အနည်းငယ်ပြုလုပ်ရုံနဲ့ MPT Money ရဲ့အကောင့်အတွင်းသို့ ငွေဖြည့်ခြင်း ဝန်ဆောင်မှုကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ငွေဖြည့်ဝန်ဆောင်မှုရဲ့ လုပ်ငန်းစဉ်ဆောင် ရွက်ပုံအဆင့်ဆင့်ကို ဧရာဝတီဘဏ်သုံးစွဲသူတွေအနေနဲ့ https://mptmoney.com.mm/news_detail/103 မှာလည်းကောင်း၊ CB ဘဏ် သုံးစွဲသူတွေအနေနဲ့ https://mptmoney.com.mm/news_detail/104 မှလည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“ကျွန်တော်တို့ တန်ဖိုးထားရတဲ့ MPT Money သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဒီဂျစ်တယ်နည်းပညာ အတွေ့အကြုံတွေကို ရရှိနိုင်စေဖို့နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေရဲ့ လက်ရှိလုပ်ဆောင်မှုတွေအပေါ်မှာ လက်လှမ်းမီမီနဲ့ ပိုမိုကောင်းမွန်လာအောင် အထောက်အကူပြုနိုင်စေဖို့အတွက် ဧရာဝတီဘဏ်၊ CB ဘဏ်တို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Online Banking ကနေတစ်ဆင့် အလွယ်ကူဆုံးနှင့် အဆင်ပြေဆုံး ငွေဖြည့်ဝန်ဆောင်မှုတွေကို လုပ်နိုင်တဲ့အကျိုးကျေးဇူးကြောင့် MPT Money သုံးစွဲသူတွေအနေနဲ့ အိမ်ပြင်ထွက်စရာမလိုဘဲ MPT Money ရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေမှာလည်း ပါဝင်ခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်” လို့ MPT Money ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားခဲ့ပါတယ်။
COVID-19 အခက်အခဲကာလအတွင်း MPT Money အနေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ အကျိုးခံစားခွင့်တွေနဲ့ ကမ်းလှမ်းမှုတွေကို သုံးစွဲသူများထံသို့ ဝန်ဆောင်မှုများ ပေးအပ်သွားမှာဖြစ်ကြောင်း၊ MPT Money အသုံးပြုသူတွေအနေနဲ့ MPT ဆင်းမ်ကတ်တွေကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းနဲ့ အခြား ဆင်းမ်ကတ်တွေကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို e-money အဖြစ် [သတ်မှတ်ထားသည့် ပမာဏအတွင်း] ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် စျေးဆိုင်တွေမှာ ငွေပေးချေမှုပြုလုပ်ရာတွင် တစ်ပတ်လျှင် ငွေကျပ် ၅၀,၀၀၀ ဖိုးအထိ ဝယ်ယူမှုတိုင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကိုလည်း MPT Money အသုံးပြုသူများအတွက် ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။