
ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ MPT Money အနေနဲ့ ယနေ့မှစတင်ပြီး MPT Pay အမည်ကို ပြောင်းလဲကာ လုပ်ငန်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အသုံးပြုသူများအနေဖြင့် သုံးစွဲပုံ နည်းလမ်းများ၊ အစီအစဉ်များနှင့် လက်ရှိပေးအပ်ထားသော ပရိုးမိုးရှင်းများကို ပြောင်းလဲခြင်းမရှိ ဆက်လက်ရယူသုံးစွဲနိုင်မှာဖြစ်ကြောင်း၊ MPT Pay အက်ပလီကေးရှင်းရဲ့ လုပ်ငန်းဆောင်ရွက်မှုကို သုံးစွဲသူ အက်ပလီကေးရှင်းအသွင်အပြင် ၊ ကိုယ်စားလှယ်များအတွက် အသိပေးကြေညာချက်များ၊ အရောင်းဆိုင်များနှင့်ဆက်သွယ်မှုများ၊ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်ချက်များ၊ ဖေ့စ်ဘုတ်ခ်စာမျက်နှာ၊ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ၊ အက်ပလီကေးရှင်း အတွင်း အသိပေးချက်များ၊ စာတိုပေးပို့ခြင်းများနှင့် Call Center လုပ်ငန်းဆောင်ရွက်မှုများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
“MPT Pay” (ယခင် MPT Money) မှာ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိတဲ့ ကိုယ်စားလှယ်ကွန်ရက်နဲ့ လည်ပတ်နေကြောင်း ၊ MPT Pay နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို MPT Pay ရဲ့ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်တဲ့ https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
-အောင်သူ
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««