MPT ၏ FTTH အင္တာနက္ ဝန္ေဆာင္မႈၿမိဳ႕နယ္အခ်ိဳ႕တိုးခ်ဲ႕

[ Zawgyi ]

MPT ရဲ႕ FTTH အင္တာနက္၀န္ေဆာင္မႈကို ၿမိဳ႕နယ္အခ်ိဳ႕မွာတိုးခ်ဲ႕လိုက္တယ္လို႔သိရပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္အပါအဝင္ ရန္ကုန္ၿမိဳ႕လယ္ေနရာေတြမွာ တိုးခ်ဲ႕လိုက္တာျဖစ္ေၾကာင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္ ၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ ၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ လသာၿမိဳ႕နယ္ ၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ၊ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းၿမိဳ႕နယ္ နဲ႔ ယုဇနပလာဇာ အနီးတစ္ဝိုက္ျဖစ္ေၾကာင္း သိရပါတယ္။ “ဝန္ေဆာင္မႈခ်ဲ႕ထြင္တဲ့ အထိမ္းအမွတ္အျဖစ္ မိတ္ဆက္တဲ့အေနနဲ႔႔ ကနဦးတပ္ဆင္ခ အခမဲ့ေပးျခင္း အေရာင္းျမႇင့္တင္ေရး အစီအစဥ္ကို စည္းကမ္းသတ္မွတ္ခ်က္ အနည္းငယ္နဲ႔ တစ္လတိုင္တိုင္ ဝန္ေဆာင္မႈေပး သြားမယ့္အျပင္ အျခားစိတ္ဝင္စားစရာ အစီအစဥ္ေတြကိုလည္း ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါ တယ္” လို႔ MPT-KSGM Joint Operations မွ Chief Commercial Officer ျဖစ္သူ Mr. Reizo Umeda ကေျပာပါတယ္။

ရန္ကုန္၊ မႏၱေလးအျပင္ အျခားေသာေဒသေတြကို ခ်ဲ႕ထြင္ဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။ အကန္႔အသတ္မရွိ Download ျပဳလုပ္ႏိုင္ျခင္း နဲ႔ ႏွစ္စဥ္ေၾကးေပးေဆာင္ရန္ မလိုအပ္ဘဲ တစ္လလွ်င္ ၃၉,၀၀၀ က်ပ္သာ က်သင့္မယ္လို႔ သိရပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

MPT ရဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို မြို့နယ်အချို့မှာတိုးချဲ့လိုက်တယ်လို့သိရပါတယ်။

စမ်းချောင်းမြို့နယ်အပါအဝင် ရန်ကုန်မြို့လယ်နေရာတွေမှာ တိုးချဲ့လိုက်တာဖြစ်ကြောင်း၊ ပန်းဘဲတန်းမြို့နယ် ၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် ၊ ပုဇွန်တောင်မြို့နယ်၊ လသာမြို့နယ် ၊ စမ်းချောင်းမြို့နယ် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောက်မြောင်းမြို့နယ် နဲ့ ယုဇနပလာဇာ အနီးတစ်ဝိုက်ဖြစ်ကြောင်း သိရပါတယ်။ “ဝန်ဆောင်မှုချဲ့ထွင်တဲ့ အထိမ်းအမှတ်အဖြစ် မိတ်ဆက်တဲ့အနေနဲ့့ ကနဦးတပ်ဆင်ခ အခမဲ့ပေးခြင်း အရောင်းမြှင့်တင်ရေး အစီအစဉ်ကို စည်းကမ်းသတ်မှတ်ချက် အနည်းငယ်နဲ့ တစ်လတိုင်တိုင် ဝန်ဆောင်မှုပေး သွားမယ့်အပြင် အခြားစိတ်ဝင်စားစရာ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။

ရန်ကုန်၊ မန္တလေးအပြင် အခြားသောဒေသတွေကို ချဲ့ထွင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ အကန့်အသတ်မရှိ Download ပြုလုပ်နိုင်ခြင်း နဲ့ နှစ်စဉ်ကြေးပေးဆောင်ရန် မလိုအပ်ဘဲ တစ်လလျှင် ၃၉,၀၀၀ ကျပ်သာ ကျသင့်မယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း