MPT Club အဖွဲ့ဝင်များအတွက် Global Single’s Day အထူးပရိုမိုးရှင်းအစီအစဉ်ပြုလုပ်

MPT မှ သုံးစွဲသူများအတွက် နိုဝင်ဘာလ ၁၁ ရက်မှာ ပြုလုပ်မယ့် ကမ္ဘာတစ်ဝန်းမှာ လူသိများထင်ရှားတဲ့ Global Singles’ Day ကို ဂုဏ်ပြုဆင်နွှဲတဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ထိပ်တန်း အွန်လိုင်းရှော့ပင်းဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ rgo47 နဲ့ပူးပေါင်းပြီး MPT Club အဖွဲ့ဝင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Diamond နဲ့ Platinum အဆင့် MPT Club အဖွဲ့ဝင်များအနေဖြင့် နိုဝင်ဘာလ ၇ ရက်မှ ၁၅ ရက်အတွင်း rgo47 App ကို အသုံးပြု၍ “ဝုန်းဒိုင်းကြဲ” ပရိုမိုးရှင်း အစီအစဉ်ဖြင့် စျေးဝယ်ယူမှုများ ပြုလုပ်ပါက စိတ်လှုပ်ရှားဖွယ် အကျိုးခံစားခွင့်များနဲ့ အထူးအခွင့်အရေး များစွာတို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ MPT Club အဖွဲ့ဝင်တွေ အနေနဲ့ L’Oreal, Revlon, Garnier,Unilever နဲ့ Maybelline တို့ အပါအဝင် နိုင်ငံတကာမှ လူကြိုက်များတဲ့ အမှတ်တံဆိပ်ပေါင်း (၂၆) ခုမှ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းများအပေါ်မှာ အများဆုံး ၉၀% အထိ အထူးလျှော့စျေးကို ရရှိခံစားနိုင်မှာပါ။

ပရိုမိုးရှင်း အစီအစဉ်အရ Diamond နဲ့ Platinum အဆင့် MPT Club အဖွဲ့ဝင်များ အနေနဲ့ rgo47 မှတစ်ဆင့် ဝယ်ယူမှုတန်ဖိုး အနည်းဆုံး ၂၀,၀၀၀ ကျပ်ဖိုး စျေးဝယ်ယူလျှင် ၁၁,၁၁၁ ကျပ် အထူးလျှော့စျေးနဲ့ အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုတို့ကို ရရှိနိုင်မယ့် တစ်ကြိမ်သာအသုံးပြုနိုင်တဲ့ အထူး ပရိုမိုကုဒ်ကို SMS မှတစ်ဆင့် လက်ခံရရှိမှာဖြစ်ပြီး MPT Money ကို အသုံးပြုကာ အနည်းဆုံး ၁၁,၁၁၁ ကျပ်ဖိုးနဲ့ အထက် ဝယ်ယူပေးချေမှု ပြုလုပ်တဲ့ သုံးစွဲသူတွေအနေနဲ့ MPT Club ပွိုင့် ၁,၁၁၁ ပွိုင့်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

rgo47 ၏ Singles’ Day ပရိုမိုးရှင်းအတွက် SMS မှတစ်ဆင့် ပရိုမိုကုဒ် (MPTWDK1111) ကို လက်ခံရယူနိုင်ရန် Diamond နဲ့ Platinum အဆင့် MPT Club အဖွဲ့ဝင်များအနေနဲ့ MPT ဆင်းမ်ကတ်ကို အသုံးပြုပြီး rgo47 အက်ပလီကေးရှင်းပေါ်မှာ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းထားရန် လိုအပ်ပြီး SMS ပရိုမိုကုဒ်ကို လက်ခံရရှိထားတဲ့ MPT Club အဖွဲ့ဝင်တွေဟာ rgo47 App မှာ အဆိုပါ ကုဒ်နံပါတ်အား ဖြည့်သွင်းကာ အထူးခံစားခွင့်များကို ရယူနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««