MPT Club အစီအစဥ္တြင္ ကုမၸဏီ ၃ ခုႏွင့္ထပ္မံပူးေပါင္း

[ Zawgyi ]

ဖုန္းေငြျဖည့္ျခင္းအတြက္ လက္ေဆာင္ေတြျပန္လည္ရရွိႏိုင္မယ့္ MPT Club အစီအစဥ္မွာ ကုမၸဏီ ၃ ခုနဲ႔ထပ္မံ ပူးေပါင္းလိုက္ေၾကာင္း သိရပါတယ္။

မဂၤလာ႐ုပ္ရွင္႐ံု၊ rgo47၊ Yangon Waterboom တို႔နဲ႔ ထပ္မံပူးေပါင္းလိုက္တာ ျဖစ္ပါတယ္။ MPT Club အဖြဲ႔ဝင္ေတြအေနနဲ႔ rgo47 အြန္လိုင္းစတိုးမွာ က်ပ္ ၁,၀၀၀ တန္ဖိုးနဲ႔ညီမွ်တဲ့ ပစၥည္းဝယ္ယူမႈေတြအတြက္ ၈ ပိြဳင့္ ရရွိမွာျဖစ္ပါတယ္။ Yangon Waterboom မွာလည္း လစဥ္ ၅ ရက္၊ ၁၅ ရက္ နဲ႔ ၂၅ ရက္ေတြမွာ ဝင္ခြင့္လက္မွတ္ ၁၀ ေစာင္ဝယ္ယူျခင္းအတြက္ လက္မွတ္ တစ္ေစာင္ အခမဲ့ ရရွိမွာျဖစ္တယ္လို႔ ဆိုပါတယ္။ မဂၤလာ ႐ုပ္ရွင္႐ံုတြမွာလည္း MPT Club အဖြဲ႔ဝင္ေတြအေနနဲ႔ မုန္႔မ်ားနဲ႔ အေအးကူပြန္လက္မွတ္ေတြကို Lucky Five အစီအစဥ္အရ လစဥ္ ၅၊ ၁၅၊ ၂၅ ရက္ေတြမွာ ရယူႏိုင္ေၾကာင္း သိရပါတယ္။

အဲဒီအစီအစဥ္ကို အခမဲ့ဝင္ေရာက္ႏိုင္ၿပီးေတာ့ *345# ကိုေခၚဆိုကာ MPT Club အျဖစ္ဝင္ ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ဖုန္းဘီလ္ တစ္ေထာင္ ျဖည့္ျခင္းအတြက္ 5 Points, တစ္ေသာင္းအတြက္ 50 Points, ႏွစ္ေသာင္းျဖည့္သြင္းျခင္းအတြက္ Points 100 ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ Points 199 ကို MPT ဖုန္းေျပာျခင္းအတြက္ မိနစ္ ၂၀ နဲ႔ ေဒတာ 50 MB ျဖင့္ လဲလွယ္ႏိုင္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ဖုန်းငွေဖြည့်ခြင်းအတွက် လက်ဆောင်တွေပြန်လည်ရရှိနိုင်မယ့် MPT Club အစီအစဉ်မှာ ကုမ္ပဏီ ၃ ခုနဲ့ထပ်မံ ပူးပေါင်းလိုက်ကြောင်း သိရပါတယ်။

မင်္ဂလာရုပ်ရှင်ရုံ၊ rgo47၊ Yangon Waterboom တို့နဲ့ ထပ်မံပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ MPT Club အဖွဲ့ဝင်တွေအနေနဲ့ rgo47 အွန်လိုင်းစတိုးမှာ ကျပ် ၁,၀၀၀ တန်ဖိုးနဲ့ညီမျှတဲ့ ပစ္စည်းဝယ်ယူမှုတွေအတွက် ၈ ပွိုင့် ရရှိမှာဖြစ်ပါတယ်။ Yangon Waterboom မှာလည်း လစဉ် ၅ ရက်၊ ၁၅ ရက် နဲ့ ၂၅ ရက်တွေမှာ ဝင်ခွင့်လက်မှတ် ၁၀ စောင်ဝယ်ယူခြင်းအတွက် လက်မှတ် တစ်စောင် အခမဲ့ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ မင်္ဂလာ ရုပ်ရှင်ရုံတွမှာလည်း MPT Club အဖွဲ့ဝင်တွေအနေနဲ့ မုန့်များနဲ့ အအေးကူပွန်လက်မှတ်တွေကို Lucky Five အစီအစဉ်အရ လစဉ် ၅၊ ၁၅၊ ၂၅ ရက်တွေမှာ ရယူနိုင်ကြောင်း သိရပါတယ်။

အဲဒီအစီအစဉ်ကို အခမဲ့ဝင်ရောက်နိုင်ပြီးတော့ *345# ကိုခေါ်ဆိုကာ MPT Club အဖြစ်ဝင် ရောက်နိုင်မှာဖြစ်ပါတယ်။ ဖုန်းဘီလ် တစ်ထောင် ဖြည့်ခြင်းအတွက် 5 Points, တစ်သောင်းအတွက် 50 Points, နှစ်သောင်းဖြည့်သွင်းခြင်းအတွက် Points 100 ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Points 199 ကို MPT ဖုန်းပြောခြင်းအတွက် မိနစ် ၂၀ နဲ့ ဒေတာ 50 MB ဖြင့် လဲလှယ်နိုင်ကြောင်း သိရပါတယ်။

-အောင်သက်ကို