[ Zawgyi ]
-ထွန်းထွန်း
===========
[ Unicode ]
MPT ၏ IP-VPN တွင် Global Connection ဝန်ဆောင်မှုထပ်ပေါင်း အသုံးပြုနိုင်
===========
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ရဲ့ IP-VPN ၀န်ဆောင်မှုကိုသုံးတဲ့သူတွေအနေနဲ့ IP-VPN Global Connection ဝန်ဆောင်မှုကို ထပ်ပေါင်းအသုံးပြုနိုင်ဖို့ စတင်ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။
MPT ရဲ့ IP-VPN ရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို စီးပွားရေးကွန်ရက် ချဲ့ထွင်ဖို့နဲ့ ပြည်ပနိုင်ငံမှာရှိတဲ့ ရုံးခွဲတွေမှာ ကွန်ရက်တည်ဆောက်နိုင်ဖို့အတွက် ဆောင်ရွက်လိုက်တာဖြစ်ကြောင်း၊ ဝန်ဆောင်မှုကိုရယူတာနဲ့ အသုံးပြုခပေးချေတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာသာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ဒီနေရာမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
-ထွန်းထွန်း