MPT ၏ FTTH ဈေးနှုန်းလျှော့ချ

MPT ရဲ့ Fiber To The Home (FTTH) အင်တာနက်အစီအစဉ်တွေကို လာမယ့်ဇန်နဝါရီ ၂ ရက်နေစတင်ပြီး လျှော့ချရောင်းချ သွားမယ်လို့ သိရပါတယ်။

2 Mbps အမြန်နှုန်းအတွက် တစ်လကို ၃၉,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး အကန့်အသတ်မရှိ download လုပ်နိုင်မယ့် အစီအစဉ်လည်း ပါ​ဝင်တယ်လို့ ဆိုပါတယ်။ တပ်ဆင်ခနှုန်းထားတွေကို ယခင် ၂၀၀,၀၀၀/- ကျပ်မှ ယခု ၅၀,၀၀၀/- ကျပ်အထိ လျှော့ချပေးလိုက်တယ်လို့ ဆိုပါတယ်။ “ကနဦး တပ်ဆင်ခကို လည်း ၅၀,၀၀၀ ကျပ်အထိ လျှော့ချပေးထားပါတယ်။ အွန်လိုင်း အသုံးပြုဖို့လိုတဲ့ မိသားစုဝင်တွေ၊ ကျောင်းသူ/ကျောင်းသားတွေအပြင် ရုပ်ရှင်နဲ့သီချင်းတွေကို ကြည့်ရှုနားဆင် လိုသူတွေအတွက် ဒီအစီအစဉ်သစ်ကနေ တစ်ဆင့်အင်တာနက်ကို မိမိတို့အိမ်ကနေ အဆင်ပြေပြေ ချိတ်ဆက်အသုံးပြုနိုင်စေပါလိမ့်မယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။

အဲဒီအစီအစဉ်ကို ဇန်နဝါရီလ ၂ ရက်နေ့ကနေ စတင်ပြီး MPT အမှတ်တံဆိပ် အရောင်းဆိုင်တွေမှာ စုံစမ်းမေးမြန်း ရယူနိုင်မယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း