MPT အသုံးပြုသူများ Viber Sticker Market အတွင်းရှိ အထူးစတစ်ကာများကို အခမဲ့ရယူနိုင်မည်

MPT အသုံးပြုသူတွေအနေနဲ့ “A wonderful Christmas & New Year Treat” ကမ်ပိန်းအဖြစ် ဒီဇင်ဘာ ၂၄ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အတွင်း Viber Sticker Market အတွင်းရှိ အထူးစတစ်ကာတွေကို အခကြေးငွေထပ်မံပေးဆောင်စရာ မလိုဘဲ အခမဲ့ရယူနိုင်မယ်လို့ သိရပါတယ်။

အခမဲ့ရယူနိုင်မယ့် အထူးစတစ်ကာများထဲမှာ Viber ဇာတ်ကောင်တွေပါဝင်တဲ့ အပြုသဘောဆောင်သော စတစ်ကာများ၊ အဝေးရောက်ချစ်သူများ အတွက် စတစ်ကာများ၊ ကာတွန်းစတစ်ကာများ၊ ပိတ်ရက်နဲ့ ဆက်ဆိုင်တဲ့ စတစ်ကာများ၊ အာကာသရုပ်ရှင်တွေနဲ့ သက်ဆိုင်တဲ့ စတစ်ကာများပါဝင်မှာ ဖြစ်ပါတယ်။

“ချစ်ရတဲ့သူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ စတစ်ကာတွေကနေတစ်ဆင့် စိတ်ခံစားချက်တွေ ဖော်ပြနိုင်ကြဖို့ အတွက် ကျွန်တော်တို့က အသုံးပြုသူတွေကို ခရစ်စမတ်နဲ့ New Year လက်ဆောင်အနေနဲ့ ပေးအပ်တာပါ”လို့ MPT-KSGM JO မှ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့ပါတယ်။

“စတစ်ကာတွေနဲ့ဆိုရင် ကိုယ့်စိတ်ခံစားချက်ကို ပိုပြီးမြင်သာ‌အောင် ပြသနိုင်တဲ့အတွက် ဒီနှစ်ပွဲတော်မှာ အချင်းချင်း ပိုပြီး ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီးနဲ့ ဆက်သွယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ Viber နဲ့ ပူးပေါင်းပြီး Viber Sticker Market ကို MPT အသုံးပြုသူတွေအတွက် သီးသန့် ဖွင့်လှစ်ပေးခဲ့တာပါ။ ကိုယ်နှစ်သက်တဲ့ စတစ်ကာတွေကို အလွယ်တကူ ဒေါင်းလုပ်ရယူပြီး ချစ်ရသူတွေဆီ ပို့နိုင်ပါပြီ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

MPT အသုံးပြုသူများအားလုံး အနေဖြင့် ဒီဇင်ဘာ ၂၄ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း ပြုလုပ်မယ့် “A wonderful Christmas & New Year Treat” ကမ်ပိန်းမှာ ပါဝင်သွားနိုင်မှာ ဖြစ်ပါတယ်။

“MPT နဲ့ မိတ်ဖက်ပူးပေါင်းရတဲ့အတွက် ကျွန်မတို့ အရမ်းပဲ ဝမ်းသာကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ အသုံးပြုသူတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို စတစ်ကာတွေကနေ တစ်ဆင့် ဖော်ပြပြောဆိုဖို့အတွက် အခုလို လုံခြုံစိတ်ချရတဲ့ ပလက်ဖောင်းကို အသုံးပြုကြတဲ့အတွက်ပါ။ နောက်ပြီး ၂၀၂၀ မှာ အခုလို မိတ်ဖက်ပူးပေါင်းနိုင်မှုအတွက် အသုံးပြုသူတွေကို အထူးလက်ဆောင်အနေနဲ့ ပိတ်ရက်တွေထဲမှာ ပေးအပ်သွားတာပါ” လို့ Rakuten Viber ၏ Chief Growth Officer ဖြစ်သူ Anna Znamenskaya ကပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««