MPT သုံးစွဲသူများ အထူးရုပ်ရှင်ဇာတ်ကား သုံးကားကို ဒေတာအခမဲ့ဖြင့် ကြည့်ရှုနိုင်မည်

မြန်မာ့ရုပ်ရှင်ပညာ ထွန်းကားခြင်းနှင့် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ MPT နဲ့ Cookie တို့ပူးပေါင်းကာ Cookie ဝန်ဆောင်မှု တစ်လတာ အခမဲ့ ကြည့်ရှုခွင့်နဲ့ MPT Club အဖွဲ့ဝင်တွေအတွက် ပွင့်တာအပြစ်လား၊ ရည်းစားက ရွှေမင်းသမီး မိန်းမက ဖတ်တီး ဇာတ်လမ်းများကို အောက်တိုဘာ ၂၆ ရက်နဲ့ အသစ်ထွက်ရှိတဲ့ ကိုရီးယားရုပ်ရှင် “EXIT” ကို အောက်တိုဘာ ၂၃ ရက်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက် အထိ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “အရင်နှစ်တွေနဲ့ မတူဘဲ ဒီနှစ် သီတင်းကျွတ်ကာလက ကိုယ့်ရဲ့နေအိမ်မှာပဲ နေနေရတဲ့အချိန်မှာ MPT သုံးစွဲသူတွေထဲက ရုပ်ရှင်ချစ်သူတွေအတွက် ပျော်ရွှင်အံ့ဩသွားစေမယ့် အစီအစဉ်အနေနဲ့ ဒီဂျစ်တယ် ဖျော်ဖြေမှုတွေကို ပိုပြီး ခံစားနိုင်စေဖို့ MPT က Cookie နဲ့ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Cookie App ကို App Store နဲ့ Google Play Store များမှ ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်ပြီး အသေးစိတ်ကို https://www.facebook.com/cookiemyanmar မှာလည်းကောင်း၊ MPT ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ပရိုမိုးရှင်းနဲ့ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်ကို Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ရဲ့ဝက်ဘ်ဆိုက်ဖြစ််တဲ့ www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်တဲ့ www.facebook.com/mptofficialpage မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««