MPT မှ Postpaid သုံးစွဲသူများအတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်

Postpaid Service နဲ့ FTTH သုံးစွဲသူများ အားလုံး ပိုမိုအဆင်ပြေ လွယ်ကူစွာနဲ့ ငွေပေးချေမှုများကို အချိန်မီ ပေးသွင်းနိုင်ဖို့အတွက် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုကို MPT က မိတ်ဆက်ခဲ့ပါတယ်။

Postpaid ဝန်ဆောင်မှုများ (PSTN, GSM, CDMA, ADSL, IP Star) နဲ့ FTTH သုံးစွဲသူတွေအားလုံးဟာ MPT GSM Prepaid Mobile ဖုန်းကို အသုံးပြုပြီး လွယ်ကူအဆင်ပြေစွာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဝန်ဆောင်မှုများ သုံးစွဲသူတွေအနေနဲ့ USSD Code (မိမိကိုယ်တိုင်ငွေပေးချေနိုင်သည့်နည်းလမ်း) နဲ့ ငွေတောင်းခံလွှာများကို အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရယူနိုင်ပြီး လစဉ်ကျသင့်ငွေတောင်းခံလွှာတွေကို ဖုန်းငွေဖြည့်ကတ်အသုံးပြု၍သော်လည်းကောင်း ဖုန်းလက်ကျန်ငွေမှတစ်ဆင့် ပေးချေခြင်းဖြင့်လည်းကောင်း ပေးချေနိုင်မှာ ဖြစ်ပါတယ်။

USSD ဝန်ဆောင်မှုသည် တစ်နေရာတည်းတွင် မိမိကိုယ်တိုင် ရိုးရှင်းလွယ်ကူအဆင်ပြေစွာနဲ့ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး လုပ်ဆောင်နိုင်ရန် Prepaid နဲ့ Postpaid သုံးစွဲသူနှစ်မျိုးစလုံးအတွက် အထောက်အကူပေးသည့်စနစ်ဖြစ်ကြောင်း USSD ဝန်ဆောင်မှု တစ်ခုစီတိုင်းအတွက် သုံးစွဲသူများမှာ ၎င်းတို့ရဲ့ ရွေးချယ်မှုမှတစ်ဆင့် လမ်းညွှန်ချက်တွေနဲ့ အကြောင်းပြန်မှုတွေကို ချက်ချင်းရရှိမှာဖြစ်ပါတယ်။

ငွေပေးချေမှုများကို USSD code နံပါတ်တွေဖြစ်တဲ့ *258# နဲ့ *106# တို့ဖြင့် လုပ်ဆောင်နိုင်ကြောင်း၊ MPT GSM Prepaid Mobile ဖုန်းအသုံးပြုပြီး ပေးဆောင်ပါက ဖုန်းငွေဖြည့်ကတ် (သို့မဟုတ်) Prepaid ဖုန်းလက်ကျန်ငွေဖြင့် ပေးဆောင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ငွေဖြည့်ကတ်အသုံးပြုတဲ့ ငွေပေးချေမှုအတွက် အကြိမ်ရေ ကန့်သတ်ထားခြင်း မရှိတဲ့ အပြင် prepaid ဖုန်းလက်ကျန်ငွေအသုံးပြုကာ ငွေပေးချေတဲ့ သုံးစွဲသူများမှာ တစ်ရက်လျှင် ၅ ကြိမ်အထိ ပေးချေနိုင်မယ်လို့ သိရပါတယ်။

MPT သုံးစွဲသူတွေအနေနဲ့ ယခင်စာရွက်ငွေတောင်းခံလွှာများအစား e-mail (သို့မဟုတ်) SMS မှတစ်ဆင့် လစဉ်ငွေတောင်းခံလွှာများ ကို လက်ခံပေးဆောင်နိုင်တဲ့ ဆန်းသစ်တီထွင်ထားသော E-invoice စနစ်ရဲ့ အားသာချက်များကို ရယူနိုင်ကြောင်း ၊E-invoice ဝန်ဆောင်မှုကို နီးစပ်ရာ MPT ရုံးများသို့ သွားရောက်ပြီး လွယ်ကူစွာ လျှောက်ထားနိုင်သလို Call Center နံပါတ် (၁၀၆) သို့ ဖုန်းခေါ်ဆို၍ (သို့) https://www.mpt.com.mm/mm/e-invoice-registration-mm/ တွင် စာရင်းပေးသွင်းခြင်း တို့ဖြင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။ စာရင်းပေးသွင်း လျှောက်ထားခြင်း အောင်မြင်ပါက သုံးစွဲသူများ အနေဖြင့် SMS (သို့) အီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပြီး မိမိနှစ်သက်ရာ ပေးပို့မှုစနစ်ကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ E-invoice ဝန်ဆောင်မှု စာရင်းပေးသွင်းသူ တစ်ဦးချင်းစီ အတွက် တစ်လ ၅၀၀ ကျပ် သက်သာခွင့်ကို ၅ လ ဆက်တိုက် စုစုပေါင်း ၂၅၀၀ ကျပ် ရရှိနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««