MPT မှ Myanmar Esports Club နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ Esports ကဏ္ဍအား ပံ့ပိုးကူညီမည်

PUBG Mobile နဲ့ Mobile Legends Bang Bang (MLBB) တို့ကို အခြေခံတဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ PUBG Mobile Fun Matches နဲ့ Mobile Legends Weekly Community Cup တွေကို လက်ရှိ ကြီးမှူးကျင်းပပေးလျက်ရှိတဲ့ Myanmar Esports Club နဲ့ MPT တို့ပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ Esports ဏ္ဍကို ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။

PUBG Mobile Fun Matches တွင် ဆုလက်ဆောင်အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၀၀၀ အပြင် MPT Club Points နဲ့ ဆုလက်ဆောင်တွေကို ရရှိကံထူးနိုင်မှာဖြစ်သလို အပတ်စဉ်ပြုလုပ်နေသော Weekly Community Cup မှ အနိုင်ရရှိသူတွေကို တစ်ပတ်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၅၀၀ အထိ ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။ PUBG Mobile Fun Matches ကို အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိကျင်းပလျက်ရှိတဲ့ ပြိုင်ပွဲနှစ်ခု အနက် PUBG Mobile Fun Match ကို အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက် တို့မှာ ကျင်းပသွားမှာဖြစ်ပြီး MPT သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်များ၊ Streamer များ၊ ထိပ်တန်းကစားသမားများ အပြင် နိုင်ငံတကာမှ နာမည်ကြီး Streamer များ၊ ထိပ်တန်း ကစားသမားများနဲ့ အတူ စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းတွေနဲ့ ယှဉ်ပြိုင်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ယခုပြိုင်ပွဲမှာ ပုံမှန်ပြုလုပ်နေကျ ပြိုင်ပွဲများနဲ့ မတူဘဲ နိုင်ငံတကာနဲ့ ပြည်တွင်းမှ နာမည်ကြီး အနုပညာရှင်တွေနဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ pindapanda၊ Biancake၊ ယွန်းဝတီလွင်မိုး၊ ခင်ဝင့်ဝါ၊ Kelvin Kate, Bon Bon, AKgoLive, TOMLLA, Power – Gaming နဲ့ အခြားသော ကစားသမားတွေပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ အထိ ရရှိနိုင်မှာဖြစ်ပြီး MPT Club points တွေအပြင် အခြားသော ဆုလက်ဆောင်တွေကိုလည်း ကံထူးနိုင်မှာဖြစ်ပါတယ်။ MPT သုံးစွဲသူတွေနဲ့ MLBB ကစားသမားများ အနေနဲ့ အခြားပြိုင်ပွဲဖြစ်တဲ့ Weekly Community Cup ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိသူတွေဟာ အပတ်စဉ် ဆုကြေးငွေအဖြစ် ဂိမ်းတစ်ခုကို အမေရိကန်ဒေါ်လာ ၁,၅၀၀ ရရှိမယ်လို့ သိရပါတယ်။

MPT အနေဖြင့် PUBG Data Pack နဲ့ Facebook, Viber, JOOX, Mobile Legends, များ အကန့်အသတ်မရှိ သုံးနိုင်မယ့် Sone Sone Lin Lin Pack (All in One) Package တွေကို မကြာသေးမီက မိတ်ဆက်ခဲ့ပြီး MPT PUBG Data Pack ကို ၉၄၅ ကျပ်ဖြင့် ဝယ်ယူကာ အင်တာနက် ဒေတာ 900 MB အပြင် Lucky PUBG Game Items တွေကို ရက် ၃၀ အတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။ MPT ရဲ့ Sone Sone Lin Lin Pack (All in One) မှာလည်း Facebook, Viber, Mobile Legends နဲ့ JOOX ဒေတာတွေကို အကန့်အသတ်မရှိ စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် အခြား အင်တာနက် အသုံးပြုမှုများ အားလုံးအတွက် တစ်ရက်လျင် ၁၆၈ ကျပ်သာ ကျသင့်မယ့် ဒေတာ 2GB လက်ဆောင်၊ MPT ဖုန်းအချင်းချင်း အသင့်တော်ဆုံးနှုန်းထား ဖြစ်တဲ့ ၁ မိနစ်လျှင် ၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုခွင့်နဲ့ ရက်ပေါင်း (၃၀) အသုံးပြုနိုင်မယ့် ဖုန်းဘီလ် ၁,၀၀၀ ကျပ်လည်း ပါရှိတယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ်ထားလိုက်ပါ «««