MPT မှ VoLTE နည်းပညာသစ်ကို မိတ်ဆက်

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT အနေနဲ့ ဖုန်းပြောတဲ့အခါ အသံလိုင်းကို ကြည်လင်ပြတ်သားစွာဖြင့် ကြားနိုင်မယ့် VoLTE နည်းပညာသစ်ကို ဒီဇင်ဘာ ၂၁ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။

“VoLTE စနစ်ဆိုတာ 2G/3G တွေမှာ ပြောနေကြအသံတွေထက် နောက်ခံဆူညံသံတွေ နည်းပါးပြီးတော့ ပိုကြည်လင်ပြတ်သားတဲ့ အသံခေါ်ဆိုမှု ဖြစ်ပါတယ်။ ၂၀၁၈ ဇန်နဝါရီလောက်မှာ သုံးနိုင်အောင် လုပ်သွားမှာပါ” ဟု Deputy Chief Commercial Officer Joint Operation ဖြစ်သူ ဦးသိန်းဟုတ်က ပြောပါတယ်။

MPT အနေဖြင့် VoLTE အသံနည်းပညာအပြင် ယခင်အသုံးပြုထားတဲ့ 4×4 MIMO နည်းပညာအသုံးပြု LTE+ ကွန်ရက်ပေါ်မှာ Bandwidth ပမာဏ နှစ်ဆထပ်မံတိုးမြှင့်ထားကြောင်း၊ ထို့ကြောင့်ယခင် Download Speed 150 Mbps မှ ယခုအခါတွင် 300 Mbps အထိအမြင့်ဆုံး ရရှိနိုင်ကြောင်း ၎င်းကဆက်ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို